ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 42:1-8 Common Language Bible (BCL)

1. အို ဘု​ရား​သ​ခင်၊သ​မင်​ဒ​ရယ်​သည်​အေး​မြ​သော​စမ်း​ရေ​ကို တောင့်​တ​သ​ကဲ့​သို့ကိုယ်​တော်​ရှင်​ကို​ကျွန်​တော်​မျိုး​တောင့်​တ​ပါ​၏။

2. အ​သက်​ရှင်​တော်​မူ​သည့်​ဘု​ရား​တည်း​ဟူ​သော ကိုယ်​တော်​ရှင်​ကို​ကျွန်​တော်​မျိုး​တောင့်​တ​ပါ​၏။ကျွန်​တော်​မျိုး​သည်​အ​ဘယ်​အ​ခါ​မှကိုယ်​တော်​ရှင်​၏​ရှေ့​တော်​မှောက်​သို့​ချဉ်း​ကပ်​၍ ဝတ်​ပြု​ကိုး​ကွယ်​နိုင်​ပါ​မည်​နည်း။

3. ငါ​သည်​နေ့​ရော​ည​ပါ​ငို​ကြွေး​ရ​သ​ဖြင့်မျက်​ရည်​များ​သည်​ငါ​၏​အ​စား​အ​စာ​ဖြစ် တော့​၏။ရန်​သူ​တို့​က​ငါ့​အား``သင်​၏​ဘု​ရား​သည်အ​ဘယ်​မှာ​ရှိ​သ​နည်း'' ဟု​အ​စဉ်​ပင် မေး​လျက်​နေ​ကြ​၏။

4. ရွှင်​လန်း​စွာ​သီ​ချင်း​ဆို​ကာ​ဘု​ရား​သ​ခင် အားထော​မ​နာ​ပြု​လျက်​အိမ်​တော်​သို့​သွား​သူ လူ​ပ​ရိ​သတ်​အားငါ​သည်​ဦး​ဆောင်​ခဲ့​ကြောင်း​ကို​သ​တိ​ရ​သော အ​ခါ ငါ​၏​စိတ်​နှ​လုံး​သည်​ကြေ​ကွဲ​ပါ​၏။

5. ငါ​သည်​အ​ဘယ်​ကြောင့်​ဤ​မျှ​စိတ်​ညှိုး​ငယ် ရ​သ​နည်း။အ​ဘယ်​ကြောင့်​ပူ​ပင်​သော​က​ရောက်​ရ​သ​နည်း။ငါ​သည်​ဘု​ရား​သ​ခင်​အား​မျှော်​ကိုး​လျက် နေ​ပါ​မည်။ငါ​၏​ကယ်​တင်​ရှင်၊ငါ​၏​ဘု​ရား​အား​တစ်​ဖန် ထော​မ​နာ​ပြု​ပါ​မည်။

6-7. ယ​ခု​ပြည်​နှင်​ဒဏ်​ငါ​ခံ​နေ​ရ​ချိန်​၌​ငါ​၏ စိတ်​နှ​လုံး​သည်​ကြေ​ကွဲ​လျက်​ရှိ​၏။သို့​ဖြစ်​၍​ငါ​သည်​ကိုယ်​တော်​ကို အောက်​မေ့​သ​တိ​ရ​ပါ​၏။ကိုယ်​တော်​သည်​ဟေ​ရ​မုန်​တောင်​နှင့်မိ​ဇ​ရ​တောင်​မှ​ဝမ်း​နည်း​ခြင်း​လှိုင်း​လုံး​များ​ကို စေ​လွှတ်​တော်​မူ​ပြီး​လျှင်ယော်​ဒန်​မြစ်​မှ​ရေ​တံ​ခွန်​စီး​ဆင်း​လာ​သ​ကဲ့​သို့ အ​သံ​ဗ​လံ​နှင့်​ငါ့​ကို​လွှမ်း​မိုး​စေ​တော်​မူ​ပါ​၏။

8. နေ့​အ​ချိန်​၌​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏ ခိုင်​မြဲ​သော မေတ္တာ​တော်​ကို​ပြ​တော်​မူ​ပါ​စေ​သော။ထို​အ​ခါ​ည​အ​ချိန်​၌​ငါ​သည်​သီ​ချင်း​ဆို​နိုင်​၍ငါ​၏​အ​သက်​သ​ခင်​ဘု​ရား​သ​ခင်​ထံ​တော်​သို့ ဆု​တောင်း​ပတ္ထ​နာ​ပြု​နိုင်​ပါ​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 42