ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 41:3-13 Common Language Bible (BCL)

3. သူ​ဖျား​နာ​ချိန်​၌​ကိုယ်​တော်​သည်​ကူ​မ​တော်​မူ​၍ သူ့​အား​ပြန်​လည်​ကျန်း​မာ​စေ​တော်​မူ​လိမ့်​မည်။

4. ``အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​ပြစ်​မှား​ပါ​ပြီ။ကျွန်​တော်​မျိုး​အား​သ​နား​တော်​မူ​၍​ရော​ဂါ​ကို ပျောက်​ကင်း​စေ​တော်​မူ​ပါ'' ဟု​ငါ​လျှောက်​ထား​၏။

5. ရန်​သူ​များ​သည်​ငါ​၏​အ​ကြောင်း​မ​ကောင်း ပြော​ကြ​၏။သူ​တို့​က``ဤ​သူ​သည်​အ​ဘယ်​အ​ခါ​၌​သေ​၍သူ​၏​နာ​မည်​ကို​လူ​တို့​မေ့​ပျောက်​သွား​မည်​နည်း'' ဟု​မ​နာ​လို​စိတ်​ဖြင့်​ဆို​ကြ​၏။

6. ငါ့​အား​လာ​၍​ကြည့်​ကြ​သူ​များ​သည်စိတ်​ရိုး​သ​ဘော​ရိုး​ရှိ​သူ​များ​မ​ဟုတ်။သူ​တို့​သည်​ငါ​၏​အ​ကြောင်း​မ​ကောင်း​သ​တင်း များ​ကိုရှာ​ဖွေ​စု​ဆောင်း​လျက်​နေ​ရာ​အ​နှံ့​အ​ပြား​သို့ သွား​၍​ပြော​ဆို​တတ်​ကြ​၏။

7. ငါ့​ကို​မုန်း​သော​သူ​အ​ပေါင်း​တို့​သည်​ငါ့​အ​ကြောင်း အ​ချင်း​ချင်း​တီး​တိုး​ပြော​ဆို​တတ်​ကြ​၏။

8. သူ​တို့​က``ဤ​သူ​သည်​အ​သဲ​အ​သန်​ဖျား နာ​လျက်​ရှိ​၏။နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ​၌​မျှ​အိပ်​ရာ​ပေါ်​မှ ထ​နိုင်​တော့​မည်​မ​ဟုတ်'' ဟု​ဆို​ကြ​၏။

9. ငါ​အ​ချစ်​ဆုံး၊ငါ​အား​အ​ကိုး​ဆုံး၊ ငါ​နှင့်​ထ​မင်း​လက်​ဆုံ​စား​သူ၊ငါ​၏​မိတ်​ဆွေ​က​ပင်​လျှင်​ငါ့​ကို​ခြေ​ဖြင့် ကျောက်​ကန်​လေပြီ။

10. အို ထာ​ဝ​ရ​ဘု​ရား၊ ရန်​သူ​တို့​ကို​က​လဲ့​စား​ချေ​နိုင်​ရန်ကျွန်​တော်​မျိုး​အား​သ​နား​တော်​မူ​၍ ပြန်​လည်​ကျန်း​မာ​စေ​တော်​မူ​ပါ။

11. ရန်​သူ​တို့​သည်​ကျွန်​တော်​မျိုး​အား အ​နိုင်​ရ​စေ​တော်​မ​မူ​မည်​ဖြစ်​၍ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်နှစ်​သက်​တော်​မူ​ကြောင်း​ကို​ကျွန်​တော်​မျိုး သိ​ရ​ပါ​လိမ့်​မည်။

12. ကျွန်​တော်​မျိုး​သည်​မှန်​ရာ​ကို​ပြု​ကျင့်​သူ​ဖြစ် သ​ဖြင့်ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကူ​မ​တော်​မူ​၍ကိုယ်​တော်​ရှင်​၏​ရှေ့​တော်​တွင်​ထာ​ဝ​စဉ်​နေ​ရ​ခွင့်​ကို ပေး​တော်​မူ​လိမ့်​မည်။

13. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​ဖြစ်​တော် မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ​ပြု​ကြ​လော့။ကိုယ်​တော်​အား​ယ​ခု​မှ​စ​၍​ကာ​လ​အ​စဉ် အ​ဆက် ထော​မ​နာ​ပြု​ကြ​လော့။အာ​မင်၊ အာ​မင်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 41