ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 39:1-11 Common Language Bible (BCL)

1. ``ငါ​ပြု​သည့်​အ​မှု​အ​တွက်​ငါ​သ​တိ​ထား​မည်။နှုတ်​ဖြင့်​မျှ​မ​ပြစ်​မှား​မိ​စေ​ရန်​ငါ​သည်​သ​တိ ပြု​မည်။ဆိုး​ညစ်​သူ​တို့​အ​နီး​၌​ရှိ​စဉ်​ငါ​သည်​အ​ဘယ် စ​ကား​ကို​မျှ​မ​ပြော​ဘဲ​နေ​မည်'' ဟု​ငါ​ဆို​၏။

2. ငါ​သည်​စ​ကား​တစ်​ခွန်း​မျှ​မ​ပြော​ဘဲ ဆိတ်​ဆိတ်​နေ​ခဲ့​၏။ အ​ကောင်း​ကို​ပင်​မ​ပြော ဆို​ခဲ့​ပါ။သို့​ရာ​တွင်​ငါ​၏​ဝေ​ဒ​နာ​သည်​ပို​မို​ဆိုး​ရွား ၍​သာ​လာ​၏။

3-4. ငါ​သည်​ပူ​ပင်​သော​က​ရောက်​ခဲ့​၏။စဉ်း​စား​လေ​လေ​ပို​၍​စိတ်​ဒုက္ခ​ရောက်​လေ​လေ ဖြစ်​ခဲ့​၏။``အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​သည်​အ​ဘယ်​မျှ​အ​သက်​ရှည်​ပါ မည်​နည်း။အ​ဘယ်​အ​ခါ​သေ​ရ​ပါ​မည်​နည်း။ကျွန်​တော်​မျိုး​အား​အနိစ္စ​တ​ရား​ကို သိ​စေ​တော်​မူ​ပါ'' ဟုကိုယ်​တော်​အား​ငါ​မ​မေး​မ​လျှောက်​ဘဲ​မ​နေ​နိုင်​ပါ။

5. ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​၏​အ​သက်​ကို လွန်​စွာ​တို​စေ​တော်​မူ​ပါ​ပြီ​တ​ကား။ကိုယ်​တော်​၏​ရှေ့​တော်​တွင်​ကျွန်​တော်​မျိုး​၏အ​သက်​တာ​သည်​ဘာ​မျှ​မ​ဟုတ်​သ​ကဲ့​သို့​ဖြစ်​ပါ​၏။အ​ကယ်​စင်​စစ်​သက်​ရှိ​လူ​သတ္တ​ဝါ​မည်​သည်​ကား ထွက်​သက်​ဝင်​သက်​တ​မျှ၊

6. အ​ရိပ်​တ​မျှ​ခ​ဏ​သာ​အ​သက်​ရှင်​ပါ​၏။သူ​ပြု​သ​မျှ​သော​အ​မှု​အ​ရာ​တို့​သည်​ဘာ​မျှ အ​ကျိုး​မ​ရှိ။သူ​သည်​စည်း​စိမ်​ဥစ္စာ​ကို​စု​ဆောင်း​သော်​လည်းအ​ဘယ်​အ​ရာ​ကို​အ​ဘယ်​သူ​ရ​ရှိ​လိမ့်​မည်​ကို သူ​မ​သိ။

7. သို့​ဖြစ်​၍ အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​သည်​အ​ဘယ်​အ​ရာ​ကို မျှော်​ကိုး​နိုင်​ပါ​မည်​နည်း။ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ကို​မျှော်​ကိုး​ပါ​၏။

8. ကျွန်​တော်​မျိုး​၏​အ​ပြစ်​အ​ပေါင်း​မှ​ကယ်​တော် မူ​ပါ။ကျွန်​တော်​မျိုး​အား​လူ​မိုက်​တို့​လှောင်​ပြောင် စေ​တော်​မ​မူ​ပါ​နှင့်။

9. ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အားဤ​သို့​ဝေ​ဒ​နာ​ခံ​စေ​တော်​မူ​သော​ကြောင့် ကျွန်​တော်​မျိုး​သည်​ဆိတ်​ဆိတ်​နေ​ပါ​မည်။စ​ကား​တစ်​ခွန်း​မျှ​ပြော​မည်​မ​ဟုတ်​ပါ။

10. ထပ်​မံ​၍​ကျွန်​တော်​မျိုး​အား အ​ပြစ်​ဒဏ်​ပေး​တော်​မ​မူ​ပါ​နှင့်။ကိုယ်​တော်​ရှင်​ပေး​တော်​မူ​သည့်ဒဏ်​ရာ​ဒဏ်​ချက်​များ​ကြောင့်​ကျွန်​တော်​မျိုး သည် သေ​လု​ပါ​ပြီ။

11. ကိုယ်​တော်​ရှင်​သည်​လူ​အား​သူ​၏အ​ပြစ်​ဒု​စ​ရိုက်​အ​တွက်​ဆုံး​မ​၍​အ​ပြစ်​ဒဏ် ပေး​တော်​မူ​ပါ​၏။သူ​နှစ်​သက်​စွဲ​လန်း​သော​အ​ရာ​တို့​ကို​ပိုး​ဖ​လံ ကဲ့​သို့ ကိုယ်​တော်​ဖျက်​ဆီး​ပစ်​တော်​မူ​ပါ​၏။အ​ကယ်​စင်​စစ်​လူ​သည်​ထွက်​သက်​ဝင်​သက်​မျှ​သာ ဖြစ်​ပါ​သည်​တ​ကား။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 39