37. သူတော်ကောင်းကိုကြည့်ရှုလော့။ဖြောင့်မတ်သောသူကိုကြည့်ရှုဆင်ခြင်လော့။ငြိမ်းချမ်းမှုကိုလိုလားသူတွင်သားမြေး အဆက်အနွယ်ထွန်းကား၏။
38. သို့ရာတွင်အပြစ်ကူးသူတို့မူကားတစ်ယောက်မကျန်ဆုံးပါးပျက်စီးကြ ကုန်၏။သူတို့၏သားမြေးအဆက်အနွယ်များသည်လည်း သုတ်သင်ဖယ်ရှားခြင်းကိုခံကြရ၏။
39. ထာဝရဘုရားသည်ဖြောင့်မတ်သောသူတို့ကို ကယ်တော်မူ၏။ဒုက္ခရောက်ချိန်များ၌သူတို့အား ကာကွယ်စောင့်ရှောက်တော်မူ၏။
40. ကိုယ်တော်သည်သူတို့အားကူမတော်မူ၏။ ကယ်မတော်မူ၏။သူတို့သည်ကိုယ်တော်၏ထံတော်တွင်ခိုလှုံကြသည်ဖြစ်၍ကိုယ်တော်သည်သူတို့အား သူယုတ်မာများ၏လက်မှကယ်တော်မူ၏။