30. သူတော်ကောင်းသည်ဉာဏ်ပညာအမြော်အမြင်ရှိသော စကားကိုပြောဆိုတတ်၏။သူသည်အစဉ်ပင်တရားမျှတ၏။
31. သူသည်မိမိဘုရား၏တရားတော်ကို နှလုံးသွင်း၍ထား၏။အဘယ်အခါ၌မျှထိုတရားတော်မှ သွေဖည်၍မသွားပေ။
32. သူယုတ်မာသည်သူတော်ကောင်းအားချောင်းမြောင်း၍ သတ်ရန်ကြိုးစားတတ်၏။
33. သို့ရာတွင်ထာဝရဘုရားသည်သူတော်ကောင်းအားရန်သူ၏လက်တွင်စွန့်ပစ်၍ ထားတော်မူလိမ့်မည်မဟုတ်။သူသည်တရားရုံးသို့ရောက်၍အစစ်ခံရသော် သူ့အား အပြစ်ဒဏ်သင့်စေတော်မူလိမ့်မည်မဟုတ်။
34. ထာဝရဘုရားကိုမျှော်ကိုးလျက်ပညတ်တော် တို့ကို စောင့်ထိန်းလော့။ကိုယ်တော်သည်သင့်အားပြည်တော်ကိုပိုင်ဆိုင်ရသောအခွင့်နှင့်ချီးမြှင့်တော်မူ လိမ့်မည်။သင်သည်သူယုတ်မာတို့ပြည်နှင်ဒဏ် သင့်ကြသည်ကိုမြင်ရလိမ့်မည်။
35. ငါသည်ပိုင်စိုးပိုင်နင်းပြုတတ်သည့် သူယုတ်မာတစ်ယောက်ကိုတွေ့မြင်ဖူး၏။သူသည်လေဗနုန်တောမှအာရဇ်ပင်ကဲ့သို့ လူအပေါင်းတို့အပေါ်တွင်လွှမ်းမိုးလျက်နေ၏။
36. သို့ရာတွင်နောက်တစ်ကြိမ်ငါဖြတ်သွားသော အခါ သူသည်ထိုအရပ်တွင်မရှိတော့ပြီ။သူ့ကိုရှာသော်လည်းမတွေ့မမြင်နိုင်တော့ပေ။
37. သူတော်ကောင်းကိုကြည့်ရှုလော့။ဖြောင့်မတ်သောသူကိုကြည့်ရှုဆင်ခြင်လော့။ငြိမ်းချမ်းမှုကိုလိုလားသူတွင်သားမြေး အဆက်အနွယ်ထွန်းကား၏။
38. သို့ရာတွင်အပြစ်ကူးသူတို့မူကားတစ်ယောက်မကျန်ဆုံးပါးပျက်စီးကြ ကုန်၏။သူတို့၏သားမြေးအဆက်အနွယ်များသည်လည်း သုတ်သင်ဖယ်ရှားခြင်းကိုခံကြရ၏။