ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 37:3-19 Common Language Bible (BCL)

3. ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​စား​လျက်အ​ကျင့်​ကောင်း​ကို​ပြု​ကျင့်​လော့။ ပြည်​တော်​တွင်​လုံ​ခြုံ​စွာ​နေ​လော့။

4. ထာ​ဝ​ရ​ဘု​ရား​၌​မွေ့​လျော်​ပျော်​ပိုက်​မှု​ကို ရှာ​လော့။သို့​ပြု​လျှင်​သင်​၏​အ​လို​ဆန္ဒ​ကို​ပြည့်​စုံ စေ​တော်​မူ​လိမ့်​မည်။

5. သင်​သည်​မိ​မိ​ကိုယ်​ကို​ဘု​ရား​သ​ခင်​လက်​သို့ အပ်​နှံ​လော့။ ကိုယ်​တော်​ကို​ကိုး​စား​လော့။သို့​ပြု​လျှင်​ကိုယ်​တော်​သည်​သင့်​ကို ကူ​မ​တော်​မူ​လိမ့်​မည်။

6. သင်​၏​ဖြောင့်​မတ်​ခြင်း​ကို​မွန်း​တည့်​ရောင်​ခြည် ကဲ့​သို့ ထွန်း​လင်း​တောက်​ပ​စေ​တော်​မူ​လိမ့်​မည်။

7. ကိုယ်​တော်​၏​စီ​ရင်​တော်​မူ​ချက်​ကို​သည်း​ခံ​၍ စောင့်​မျှော်​လော့။ကောင်း​စား​သူ​တို့​ကြောင့်​လည်း​ကောင်း၊ အ​ကြံ​အ​စည်​အောင်​မြင်​သောဆိုး​ညစ်​သူ​တို့​ကြောင့်​လည်း​ကောင်း​ပူ​ပင်​သော​က မ​ဖြစ်​နှင့်။

8. မ​စိုး​ရိမ်​နှင့်။ ဒေါ​သ​အ​မျက်​မ​ထွက်​နှင့်။စိုး​ရိမ်​မှု​နှင့်​ဒေါ​သ​အ​မျက်​သည်​သင့်​အား ဆိုး​ကျိုး​သာ​ပေး​လိမ့်​မည်။

9. ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​စား​သော​သူ​တို့ သည် ပြည်​တော်​ကို​ပိုင်​ရ​ကြ​လိမ့်​မည်။သို့​ရာ​တွင်​သူ​ယုတ်​မာ​တို့​မူ​ကား​ပြည်​နှင် ဒဏ်​ကို ခံ​ရ​ကြ​လိမ့်​မည်။

10. ကာ​လ​အ​နည်း​ငယ်​အ​တွင်း​၌​သူ​ယုတ်​မာ တို့​သည် ပျောက်​ကွယ်​သွား​ကြ​လိမ့်​မည်။သင်​သည်​သူ​တို့​ကို​ရှာ​သော်​လည်း တွေ့​လိမ့်​မည်​မ​ဟုတ်။

11. သို့​ရာ​တွင်​စိတ်​နှိမ့်​ချ​သော​သူ​တို့​သည်ပြည်​တော်​ကို​ပိုင်​ရ​လျက်​ငြိမ်း​ချမ်း​သာ​ယာ​မှု​နှင့် ကြီး​ပွား​တိုး​တက်​မှု​တို့​ကို​ခံ​စား​ကြ​ရ လိမ့်​မည်။

12. သူ​ယုတ်​မာ​သည်​သူ​တော်​ကောင်း​အားမ​ကောင်း​ကြံ​လျက်​မုန်း​စိတ်​နှင့်​စူး​စူး​ဝါး​ဝါး ကြည့်​တတ်​၏။

13. သို့​ရာ​တွင်​ထို​သူ​သည်​မ​ကြာ​မ​မြင့်​မီ​ဆုံး​ပါး ပျက်​စီး ရ​တော့​မည်​ဖြစ်​ကြောင်းထာ​ဝ​ရ​ဘု​ရား​သိ​တော်​မူ​သ​ဖြင့်​သူ့​အား ကြည့်​၍ ပြုံး​ရယ်​တော်​မူ​၏။

14. သူ​ယုတ်​မာ​တို့​သည်​ဆင်း​ရဲ​နွမ်း​ပါး​သူ​တို့​အားသတ်​ဖြတ်​ရန်​လည်း​ကောင်း၊မှန်​ရာ​ကို​ပြု​သူ​တို့ အား အ​ဆုံး​စီ​ရင်​ရန်​လည်း​ကောင်းဋ္ဌား​များ​ကို​ဆွဲ​ထုတ်​၍​လေး​များ​ကို တင်​ကြ​၏။

15. သို့​ရာ​တွင်​ထို​သူ​တို့​သည်​မိ​မိ​၏​ဋ္ဌား​များ​ဖြင့် ပင်​လျှင် ထိုး​သတ်​ခံ​ကြ​ရ​လိမ့်​မည်။သူ​တို့​၏​လေး​များ​သည်​လည်း​ကျိုး​ကုန်​ကြ လိမ့်​မည်။

16. သူ​တော်​ကောင်း​တစ်​ယောက်​၏​ဥစ္စာ​ပစ္စည်း အ​နည်း​ငယ်​သည်သူ​ယုတ်​မာ​အ​ပေါင်း​တို့​၏​စည်း​စိမ်​ချမ်း​သာ ထက် ပို​၍​တန်​ဖိုး​ရှိ​၏။

17. အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​ယုတ်​မာ​တို့​၏​စွမ်း​ရည်​ကို​သိမ်း​ယူ​၍သူ​တော်​ကောင်း​တို့​အား​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​မည်​ဖြစ်​သော​ကြောင့် တည်း။

18. ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​စ​ကား​ကို နား​ထောင်​သူ​တို့​အား​စောင့်​ရှောက်​တော်​မူ​၏။သူ​တို့​သည်​ပြည်​တော်​ကို​ထာ​ဝ​စဉ်​ပိုင်​ဆိုင် ရ​ကြ​လိမ့်​မည်။

19. ခဲ​ယဉ်း​ရာ​ကာ​လ​များ​၌​သူ​တို့​သည် ဒုက္ခ​ရောက်​ကြ​လိမ့်​မည်​မ​ဟုတ်။အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ချိန်​များ​၌​အ​စာ ရေ​စာ လုံ​လောက်​စွာ​ရ​ရှိ​ကြ​လိမ့်​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 37