ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 37:23-31 Common Language Bible (BCL)

23. ထာ​ဝ​ရ​ဘု​ရား​သည်​လူ​တို့​လိုက်​လျှောက်​အပ်​သည့် လမ်း​ကို​ပြ​ညွှန်​တော်​မူ​၏။ကိုယ်​တော်​နှစ်​သက်​တော်​မူ​သော​သူ​တို့​ကို ကွယ်​ကာ​တော်​မူ​၏။

24. ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အားကူ​မ​တော်​မူ​မည်​ဖြစ်​၍​သူ​တို့​သည်​လဲ သော်​လည်း မ​ထ​ဘဲ​နေ​လိမ့်​မည်​မ​ဟုတ်။

25. ယ​ခု​အ​ခါ​ငါ​သည်​အ​သက်​ကြီး​ရင့်​လေ​ပြီ။ ငါ​သည်​ကြာ​ရှည်​စွာ​အ​သက်​ရှင်​ခဲ့​ပါ​ပြီ။သို့​ရာ​တွင်​သူ​တော်​ကောင်း​အား​ထာ​ဝ​ရ​ဘု​ရား စွန့်​ပစ်​တော်​မူ​သည်​ကို​လည်း​ကောင်း၊သူ​၏​သား​သ​မီး​တို့​တောင်း​စား​ရ​သည်​ကို လည်း​ကောင်း တစ်​ချိန်​တစ်​ခါ​မျှ​ငါ​မ​တွေ့​မ​မြင်​ခဲ့​ဘူး​ပါ။

26. သူ​သည်​အ​စဉ်​ပင်​သူ​တစ်​ပါး​တို့​အား​ရက်​ရော​စွာ ပေး​ကမ်း​ချေး​ငှား​တတ်​၏။သူ​၏​သား​သ​မီး​များ​သည်​လည်း​ကောင်း​ချီး မင်္ဂ​လာ​ကို​ခံ​ရ​ကြ​၏။

27. ဒု​စ​ရိုက်​ကို​ရှောင်​ကြဉ်​၍​သု​စ​ရိုက်​ကို​ပြု​လော့။သို့​ပြု​လျှင်​သင်​၏​သား​မြေး​တို့​သည်​ပြည်​တော် တွင် အ​စဉ်​အ​မြဲ​နေ​ရ​လိမ့်​မည်။

28. အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​သည် အ​မှန်​တ​ရား​ကို​နှစ်​သက်​တော်​မူ​၍မိ​မိ​အား​သစ္စာ​စောင့်​သည့်​လူ​စု​တော်​ကို စွန့်​ပစ်​တော်​မ​မူ​သော​ကြောင့်​ဖြစ်​၏။ကိုယ်​တော်​သည်​သူ​တို့​အား​အ​စဉ်​အ​မြဲ ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။သို့​ရာ​တွင်​သူ​ယုတ်​မာ​တို့​၏​သား​မြေး​များ​မူ​ကား ပြည်​နှင်​ဒဏ်​သင့်​ကြ​လိမ့်​မည်။

29. ဖြောင့်​မတ်​သော​သူ​တို့​သည်​ပြည်​တော်​ကို​ပိုင်​ဆိုင်​၍ အ​စဉ်​နေ​ထိုင်​ရ​ကြ​လိမ့်​မည်။

30. သူ​တော်​ကောင်း​သည်​ဉာဏ်​ပ​ညာ​အ​မြော်​အ​မြင်​ရှိ​သော စ​ကား​ကို​ပြော​ဆို​တတ်​၏။သူ​သည်​အ​စဉ်​ပင်​တ​ရား​မျှ​တ​၏။

31. သူ​သည်​မိ​မိ​ဘု​ရား​၏​တ​ရား​တော်​ကို နှ​လုံး​သွင်း​၍​ထား​၏။အ​ဘယ်​အ​ခါ​၌​မျှ​ထို​တ​ရား​တော်​မှ သွေ​ဖည်​၍​မ​သွား​ပေ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 37