1. သူယုတ်မာတို့၏အတွက်ကြောင့်စိုးရိမ်ပူပန်မှု မဖြစ်နှင့်။
2. သူတို့သည်ခြောက်သွေ့သွားသောမြက်ပင်ကဲ့သို့ ပျောက်ပျက်ကြကုန်လိမ့်မည်။ညှိုးနွမ်းသောအပင်ငယ်များကဲ့သို့ သေကြေပျက်စီးကြလိမ့်မည်။
3. ထာဝရဘုရားကိုကိုးစားလျက်အကျင့်ကောင်းကိုပြုကျင့်လော့။ ပြည်တော်တွင်လုံခြုံစွာနေလော့။
4. ထာဝရဘုရား၌မွေ့လျော်ပျော်ပိုက်မှုကို ရှာလော့။သို့ပြုလျှင်သင်၏အလိုဆန္ဒကိုပြည့်စုံ စေတော်မူလိမ့်မည်။
5. သင်သည်မိမိကိုယ်ကိုဘုရားသခင်လက်သို့ အပ်နှံလော့။ ကိုယ်တော်ကိုကိုးစားလော့။သို့ပြုလျှင်ကိုယ်တော်သည်သင့်ကို ကူမတော်မူလိမ့်မည်။
6. သင်၏ဖြောင့်မတ်ခြင်းကိုမွန်းတည့်ရောင်ခြည် ကဲ့သို့ ထွန်းလင်းတောက်ပစေတော်မူလိမ့်မည်။
7. ကိုယ်တော်၏စီရင်တော်မူချက်ကိုသည်းခံ၍ စောင့်မျှော်လော့။ကောင်းစားသူတို့ကြောင့်လည်းကောင်း၊ အကြံအစည်အောင်မြင်သောဆိုးညစ်သူတို့ကြောင့်လည်းကောင်းပူပင်သောက မဖြစ်နှင့်။
8. မစိုးရိမ်နှင့်။ ဒေါသအမျက်မထွက်နှင့်။စိုးရိမ်မှုနှင့်ဒေါသအမျက်သည်သင့်အား ဆိုးကျိုးသာပေးလိမ့်မည်။
9. ထာဝရဘုရားကိုကိုးစားသောသူတို့ သည် ပြည်တော်ကိုပိုင်ရကြလိမ့်မည်။သို့ရာတွင်သူယုတ်မာတို့မူကားပြည်နှင် ဒဏ်ကို ခံရကြလိမ့်မည်။
10. ကာလအနည်းငယ်အတွင်း၌သူယုတ်မာ တို့သည် ပျောက်ကွယ်သွားကြလိမ့်မည်။သင်သည်သူတို့ကိုရှာသော်လည်း တွေ့လိမ့်မည်မဟုတ်။
11. သို့ရာတွင်စိတ်နှိမ့်ချသောသူတို့သည်ပြည်တော်ကိုပိုင်ရလျက်ငြိမ်းချမ်းသာယာမှုနှင့် ကြီးပွားတိုးတက်မှုတို့ကိုခံစားကြရ လိမ့်မည်။
12. သူယုတ်မာသည်သူတော်ကောင်းအားမကောင်းကြံလျက်မုန်းစိတ်နှင့်စူးစူးဝါးဝါး ကြည့်တတ်၏။
13. သို့ရာတွင်ထိုသူသည်မကြာမမြင့်မီဆုံးပါး ပျက်စီး ရတော့မည်ဖြစ်ကြောင်းထာဝရဘုရားသိတော်မူသဖြင့်သူ့အား ကြည့်၍ ပြုံးရယ်တော်မူ၏။
14. သူယုတ်မာတို့သည်ဆင်းရဲနွမ်းပါးသူတို့အားသတ်ဖြတ်ရန်လည်းကောင်း၊မှန်ရာကိုပြုသူတို့ အား အဆုံးစီရင်ရန်လည်းကောင်းဋ္ဌားများကိုဆွဲထုတ်၍လေးများကို တင်ကြ၏။