ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 33:1-12 Common Language Bible (BCL)

1. အို သူ​တော်​ကောင်း​အ​ပေါင်း​တို့၊​သင်​တို့​သည်ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော​အ​မှု​တော်​အ​တွက် ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​ကြ​လော့။ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင်​သူ​အ​ပေါင်း​တို့၊ ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​လော့။

2. စောင်း​တီး​၍​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ကြိုး​ဆယ်​ပင်​ရှိ​သော​တူ​ရိ​ယာ​ဖြင့်​ရှေ့​တော်​၌ သီ​ချင်း​ဆို​ကြ​လော့။

3. ရှေ့​တော်​၌​သီ​ချင်း​သစ်​ကို​ဆို​ကြ​လော့။သာ​ယာ​စွာ​စောင်း​ကို​တီး​ကြ​လော့။ ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​ကြ​လော့။

4. ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည်​မှန်​ကန် ပေ​၏။ကိုယ်​တော်​ပြု​တော်​မူ​ရာ​အ​မှု​အ​ရာ​တို့​သည်​လည်း သစ္စာ​တ​ရား​နှင့်​ကိုက်​ညီ​၏။

5. ထာ​ဝ​ရ​ဘု​ရား​သည်​ဖြောင့်​မတ်​မှန်​ကန်​မှု​ကို နှစ်​သက်​တော်​မူ​၏။ကိုယ်​တော်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် ကမ္ဘာ​မြေ​ကြီး​ကို​ဖုံး​လွှမ်း​လျက်​ရှိ​၏။

6. ထာ​ဝ​ရ​ဘု​ရား​သည်​အ​မိန့်​တော်​ဖြင့် မိုး​ကောင်း​ကင်​ကို​လည်း​ကောင်း၊နှုတ်​တော်​ထွက်​စ​ကား​အား​ဖြင့်နေ၊လ၊ကြယ်​တာ​ယာ​များ​ကို​လည်း​ကောင်း ဖန်​ဆင်း​တော်​မူ​၏။

7. ပင်​လယ်​ရှိ​သ​မျှ​တို့​ကို​တစ်​နေ​ရာ​တည်း​တွင် စု​ဝေး​စေ​တော်​မူ​၏။နက်​ရှိုင်း​သော​သ​မုဒ္ဒ​ရာ​ရေ​များ​ကို သို​လှောင်​ခန်း​များ​တွင်​သိမ်း​ဆည်း​ထား​တော် မူ​၏။

8. ကမ္ဘာ​မြေ​ကြီး​သား​အ​ပေါင်း​တို့၊​ထာ​ဝ​ရ ဘု​ရား​အား ရို​သေ​ကိုင်း​ရှိုင်း​ကြ​လော့။ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့၊​ကိုယ်​တော်​အား ကြောက်​ရွံ့​ရို​သေ​ကြ​လော့။

9. ကိုယ်​တော်​မြွက်​ဆို​တော်​မူ​သော​အ​ခါ ကမ္ဘာ​လော​က​သည်​ဖြစ်​ပေါ်​လာ​၏။ကိုယ်​တော်​မိန့်​တော်​မူ​သော​အ​ခါ​ခပ်​သိမ်း​သော အ​ရာ​တို့​သည်​ပေါ်​ပေါက်​လာ​ကြ​၏။

10. ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​တ​ကာ​တို့​၏ ရည်​မှန်း​ချက်​များ​ကို​ပျက်​ပြား​စေ​တော်​မူ​၏။သူ​တို့​၏​အ​ကြံ​အ​စည်​များ​ကို​လည်း အ​ထ​မ​မြောက်​စေ​ရန်​ဆီး​တား​တော်​မူ​၏။

11. သို့​ရာ​တွင်​ကိုယ်​တော်​၏​အ​ကြံ​အ​စည်​တော်​တို့ မူ​ကား အ​ဘယ်​ကာ​လ​၌​မျှ​ပျက်​ပြား​လိမ့်​မည်​မ​ဟုတ်။ကိုယ်​တော်​၏​ရည်​မှန်း​ချက်​တို့​သည်​ထာ​ဝ​စဉ် အောင်​မြင်​သ​တည်း။

12. ထာ​ဝ​ရ​ဘု​ရား​အား​ဘု​ရား​အ​ဖြစ်​နှင့်​ကိုး​ကွယ် သော လူ​မျိုး​သည်​မင်္ဂ​လာ​ရှိ​၏။ကိုယ်​တော်​၏​လူ​စု​တော်​အ​ဖြစ်​ဖြင့်ရွေး​ချယ်​တော်​မူ​ခြင်း​ကို​ခံ​ရ​သော​လူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 33