ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 31:4-16 Common Language Bible (BCL)

4. ကျွန်​တော်​မျိုး​အ​တွက်​ထောင်​ထား​သော​ကျော့ ကွင်း​မှ လွတ်​မြောက်​စေ​တော်​မူ​ပါ။ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ခို​လှုံ​ရာ ဖြစ်​တော်​မူ​ပါ​၏။

5. ကျွန်​တော်​မျိုး​သည်​မိ​မိ​ကိုယ်​ကို​လက်​တော်​သို့ အပ်​ပါ​၏။အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကယ်​တော်​မူ​ပါ​လိမ့်​မည်။ကိုယ်​တော်​ရှင်​သည်​သစ္စာ​စောင့်​တော်​မူ​သော​ဘု​ရား ဖြစ်​တော်​မူ​ပါ​၏။

6. ကိုယ်​တော်​ရှင်​သည်​မိစ္ဆာ​ဘု​ရား​များ​ကို​ကိုး​ကွယ် ဆည်း​ကပ်​သူ​တို့​ကို​မုန်း​တော်​မူ​ပါ​၏။သို့​ရာ​တွင်​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ကိုး​စား​ပါ​၏။

7. ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​ကြောင့်ကျွန်​တော်​မျိုး​သည်​ဝမ်း​မြောက်​ရွှင်​လန်း​ပါ လိမ့်​မည်။ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဝေ​ဒ​နာ​ကို မြင်​တော်​မူ​ပါ​၏။ကျွန်​တော်​မျိုး​၏​ဒုက္ခ​ကို​သိ​တော်​မူ​ပါ​၏။

8. ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ရန်​သူ များ​၏ လက်​တွင်း​သို့​ကျ​ရောက်​စေ​တော်​မ​မူ​ဘဲလွတ်​လပ်​စွာ​သွား​လာ​နိုင်​ခွင့်​ကို​ပေး​တော်​မူ ပါ​ပြီ။

9. ကျွန်​တော်​မျိုး​သည်​ဒုက္ခ​ရောက်​လျက်​ရှိ​သ​ဖြင့်အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​သ​နား​တော်​မူ​ပါ။များ​စွာ​ငို​ကြွေး​ရ​သ​ဖြင့်​ကျွန်​တော်​မျိုး​၏ မျက်​စိ​များ​သည်​ကျိန်း​စပ်​လျက်​နေ​ပါ​၏။ကျွန်​တော်​မျိုး​၏​အား​အင်​သည်​လည်း လုံး​ဝ​ကုန်​ခန်း​လျက်​နေ​ပါ​ပြီ။

10. ဝမ်း​နည်း​ကြေ​ကွဲ​မှု​ကြောင့်​ကျွန်​တော်​မျိုး မော​ပန်း​နွမ်း​လျ​လျက်​ရှိ​ပါ​၏။ငို​ယို​မှု​ကြောင့်​ကျွန်​တော်​မျိုး​အ​သက်​တို ရ​ပါ​၏။ကျွန်​တော်​မျိုး​သည်​မိ​မိ​ခံ​ရ​သော​ဆင်း​ရဲ​ဒုက္ခ အ​ပေါင်း​ကြောင့်​အား​အင်​ချိ​နဲ့​လျက်​ရှိ​ပါ​၏။ကျွန်​တော်​မျိုး​၏​အ​ရိုး​များ​ပင်​လျှင် ဆွေး​မြေ့​ကုန်​ပါ​ပြီ။

11. ရန်​သူ​အ​ပေါင်း​တို့​သည်​ကျွန်​တော်​မျိုး​အား ပြောင်​လှောင်​ကြ​ပါ​၏။အ​ထူး​သ​ဖြင့်​အိမ်​နီး​ချင်း​များ​က​မ​ထီ​မဲ့ မြင် ပြု​ကြ​ပါ​၏။အ​သိ​မိတ်​ဆွေ​များ​သည်​ကျွန်​တော်​မျိုး​ကို ကြောက်​ကြ​ပါ​၏။လမ်း​တွင်​ကျွန်​တော်​မျိုး​ကို​တွေ့​မြင်​သော​အ​ခါ ထွက်​ပြေး​ကြ​ပါ​၏။

12. ကျွန်​တော်​မျိုး​သေ​လေ​ပြီ​ကဲ့​သို့လူ​အ​ပေါင်း​တို့​သည်​ကျွန်​တော်​မျိုး​အား မေ့​ပျောက်​သွား​ကြ​ပါ​၏။ကျွန်​တော်​မျိုး​သည်​စွန့်​ပစ်​ခြင်း​ခံ​ရ​သည့် အိုး​ကွဲ​ကဲ့​သို့​ဖြစ်​ပါ​၏။

13. ရန်​သူ​အ​များ​သည်​တီး​တိုး​ပြော​ဆို​နေ​သံ​ကို ကျွန်​တော်​မျိုး​ကြား​ပါ​၏။ကျွန်​တော်​မျိုး​၏​ပတ်​လည်​တွင် ကြောက်​မက်​ဖွယ်​ရာ​များ​နှင့်​ပြည့်​နှက်​နေ​ပါ​၏။ရန်​သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​သတ်​ရန် ကြံ​စည်​နေ​ကြ​ပါ​၏။

14. သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို ကိုး​စား​ပါ​၏။ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဘု​ရား ဖြစ်​တော်​မူ​ပါ​၏။

15. ကျွန်​တော်​မျိုး​၏​နေ့​ရက်​ကာ​လ​များ​သည် လက်​တော်​ထဲ​၌​ရှိ​ပါ​၏။ကျွန်​တော်​မျိုး​အား​ရန်​သူ​များ​နှင့်နှိပ်​စက်​ညှဉ်း​ဆဲ​သူ​တို့​၏​လက်​မှ​ကယ်​တော် မူ​ပါ။

16. သ​နား​သော​စိတ်​နှင့်​ကိုယ်​တော်​၏​အ​စေ​ခံ ကျွန်​တော်​မျိုး​အား​ကြည့်​တော်​မူ​ပါ။ကိုယ်​တော်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​နှင့် အ​ညီ ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 31