19. ကိုယ်တော်ရှင်အားကြောက်ရွံ့ရိုသေကြသူတို့ ၏အတွက်သိုမှီးထားတော်မူသောကောင်းသောအရာ များကား အလွန်ပင်အံ့သြဖွယ်ကောင်းလှပါသည်တကား။ကိုယ်တော်ရှင်သည်ကောင်းမြတ်တော်မူကြောင်း ကိုလည်းကောင်း၊အထံတော်၌ခိုလှုံကြသူတို့ကိုကွယ်ကာတော်မူကြောင်းကိုလည်းကောင်း လူအပေါင်းတို့သိကြပါ၏။
20. လူတို့၏လျှို့ဝှက်ကြံစည်မှုမှ ကင်းလွတ်စေအံ့သောငှာအထံတော်၌ခိုလှုံကြသူတို့ကိုကိုယ်တော်ရှင်သည်အထံတော်တွင်လုံခြုံစွာဝှက်၍ထားတော်မူ ပါ၏။ရန်သူများ၏စော်ကားမှုများမှကင်းလွတ်စေရန်သူတို့ကိုလုံခြုံရာအရပ်တွင်ဝှက်၍ ထားတော်မူပါ၏။
21. ထာဝရဘုရားသခင်အားထောမနာပြု ကြလော့။ငါ့အားဝိုင်းဝန်းတိုက်ခိုက်ကြချိန်၌ကိုယ်တော်ပြတော်မူသောမေတ္တာတော်သည်လွန်စွာအံ့သြဖွယ်ကောင်းလှပါသည်တကား။
22. ကိုယ်တော်ရှင်သည်ငါ့အားရှေ့တော်မှောက်မှ နှင်ထုတ်တော်မူလေပြီဟူ၍ငါသည်ကြောက်လန့်စိုးရိမ်မိပါ၏။သို့ရာတွင်အထံတော်သို့ကူမတော်မူရန် ငါအော်ဟစ်သောအခါ၊ကိုယ်တော်ရှင်သည်ငါ၏အော်ဟစ်သံကိုကြားတော်မူ၏။
23. ကိုယ်တော်အားသစ္စာစောင့်သူအပေါင်းတို့၊ ထာဝရဘုရားကိုချစ်ကြလော့။သစ္စာစောင့်သူတို့အားထာဝရဘုရားသည် ကွယ်ကာစောင့်ရှောက်တော်မူ၏။သို့ရာတွင်မာနကြီးသူတို့အားထိုက်သင့်သည့် အပြစ်ဒဏ်ကိုပေးတော်မူ၏။
24. ထာဝရဘုရားအားစောင့်မျှော်ကြသူအပေါင်း တို့၊ ကြံ့ခိုင်မှုရှိ၍ရဲရင့်ကြကုန်လော့။