ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 31:12-24 Common Language Bible (BCL)

12. ကျွန်​တော်​မျိုး​သေ​လေ​ပြီ​ကဲ့​သို့လူ​အ​ပေါင်း​တို့​သည်​ကျွန်​တော်​မျိုး​အား မေ့​ပျောက်​သွား​ကြ​ပါ​၏။ကျွန်​တော်​မျိုး​သည်​စွန့်​ပစ်​ခြင်း​ခံ​ရ​သည့် အိုး​ကွဲ​ကဲ့​သို့​ဖြစ်​ပါ​၏။

13. ရန်​သူ​အ​များ​သည်​တီး​တိုး​ပြော​ဆို​နေ​သံ​ကို ကျွန်​တော်​မျိုး​ကြား​ပါ​၏။ကျွန်​တော်​မျိုး​၏​ပတ်​လည်​တွင် ကြောက်​မက်​ဖွယ်​ရာ​များ​နှင့်​ပြည့်​နှက်​နေ​ပါ​၏။ရန်​သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​သတ်​ရန် ကြံ​စည်​နေ​ကြ​ပါ​၏။

14. သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို ကိုး​စား​ပါ​၏။ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဘု​ရား ဖြစ်​တော်​မူ​ပါ​၏။

15. ကျွန်​တော်​မျိုး​၏​နေ့​ရက်​ကာ​လ​များ​သည် လက်​တော်​ထဲ​၌​ရှိ​ပါ​၏။ကျွန်​တော်​မျိုး​အား​ရန်​သူ​များ​နှင့်နှိပ်​စက်​ညှဉ်း​ဆဲ​သူ​တို့​၏​လက်​မှ​ကယ်​တော် မူ​ပါ။

16. သ​နား​သော​စိတ်​နှင့်​ကိုယ်​တော်​၏​အ​စေ​ခံ ကျွန်​တော်​မျိုး​အား​ကြည့်​တော်​မူ​ပါ။ကိုယ်​တော်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​နှင့် အ​ညီ ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။

17. အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​သည်​အ​ထံ​တော်​သို့ ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​၏။ကျွန်​တော်​မျိုး​အား​အ​ရှက်​ကွဲ​စေ​တော်​မ​မူ ပါ​နှင့်။သူ​ယုတ်​မာ​တို့​သည်​အ​ရှက်​ကွဲ​ရ​ကြ​ပါ​စေ​သော။သူ​တို့​သည်​မ​ရ​ဏာ​နိုင်​ငံ​တွင်​ဆိတ်​ဆိတ် နေ​ရ​ကြ​ပါ​စေ​သော။

18. မာ​န​ထောင်​လွှား​လျက်​သူ​တော်​ကောင်း​တို့​အ​ကြောင်းကဲ့​ရဲ့​ပြော​ဆို​တတ်​သူ​လူ​လိမ်​တို့​၏ နှုတ်​ကို​ပိတ်​တော်​မူ​ပါ။

19. ကိုယ်​တော်​ရှင်​အား​ကြောက်​ရွံ့​ရို​သေ​ကြ​သူ​တို့ ၏​အ​တွက်သို​မှီး​ထား​တော်​မူ​သော​ကောင်း​သော​အ​ရာ များ​ကား အ​လွန်​ပင်​အံ့​သြ​ဖွယ်​ကောင်း​လှ​ပါ​သည်​တ​ကား။ကိုယ်​တော်​ရှင်​သည်​ကောင်း​မြတ်​တော်​မူ​ကြောင်း ကို​လည်း​ကောင်း၊အ​ထံ​တော်​၌​ခို​လှုံ​ကြ​သူ​တို့​ကိုကွယ်​ကာ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း လူ​အ​ပေါင်း​တို့​သိ​ကြ​ပါ​၏။

20. လူ​တို့​၏​လျှို့​ဝှက်​ကြံ​စည်​မှု​မှ ကင်း​လွတ်​စေ​အံ့​သော​ငှာ​အ​ထံ​တော်​၌ခို​လှုံ​ကြ​သူ​တို့​ကို​ကိုယ်​တော်​ရှင်​သည်အ​ထံ​တော်​တွင်​လုံ​ခြုံ​စွာ​ဝှက်​၍​ထား​တော်​မူ ပါ​၏။ရန်​သူ​များ​၏​စော်​ကား​မှု​များ​မှ​ကင်း​လွတ်​စေ​ရန်သူ​တို့​ကို​လုံ​ခြုံ​ရာ​အ​ရပ်​တွင်​ဝှက်​၍ ထား​တော်​မူ​ပါ​၏။

21. ထာ​ဝ​ရ​ဘု​ရား​သ​ခင်​အား​ထော​မ​နာ​ပြု ကြ​လော့။ငါ့​အား​ဝိုင်း​ဝန်း​တိုက်​ခိုက်​ကြ​ချိန်​၌ကိုယ်​တော်​ပြ​တော်​မူ​သော​မေတ္တာ​တော်​သည်လွန်​စွာ​အံ့​သြ​ဖွယ်​ကောင်း​လှ​ပါ​သည်​တ​ကား။

22. ကိုယ်​တော်​ရှင်​သည်​ငါ့​အား​ရှေ့​တော်​မှောက်​မှ နှင်​ထုတ်​တော်​မူ​လေ​ပြီ​ဟူ​၍ငါ​သည်​ကြောက်​လန့်​စိုး​ရိမ်​မိ​ပါ​၏။သို့​ရာ​တွင်​အ​ထံ​တော်​သို့​ကူ​မ​တော်​မူ​ရန် ငါ​အော်​ဟစ်​သော​အ​ခါ၊ကိုယ်​တော်​ရှင်​သည်ငါ​၏​အော်​ဟစ်​သံ​ကို​ကြား​တော်​မူ​၏။

23. ကိုယ်​တော်​အား​သစ္စာ​စောင့်​သူ​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို​ချစ်​ကြ​လော့။သစ္စာ​စောင့်​သူ​တို့​အား​ထာ​ဝ​ရ​ဘု​ရား​သည် ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။သို့​ရာ​တွင်​မာ​န​ကြီး​သူ​တို့​အား​ထိုက်​သင့်​သည့် အ​ပြစ်​ဒဏ်​ကို​ပေး​တော်​မူ​၏။

24. ထာ​ဝ​ရ​ဘု​ရား​အား​စောင့်​မျှော်​ကြ​သူ​အ​ပေါင်း တို့၊ ကြံ့​ခိုင်​မှု​ရှိ​၍​ရဲ​ရင့်​ကြ​ကုန်​လော့။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 31