အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66
  67. 67
  68. 68
  69. 69
  70. 70
  71. 71
  72. 72
  73. 73
  74. 74
  75. 75
  76. 76
  77. 77
  78. 78
  79. 79
  80. 80
  81. 81
  82. 82
  83. 83
  84. 84
  85. 85
  86. 86
  87. 87
  88. 88
  89. 89
  90. 90
  91. 91
  92. 92
  93. 93
  94. 94
  95. 95
  96. 96
  97. 97
  98. 98
  99. 99
  100. 100
  101. 101
  102. 102
  103. 103
  104. 104
  105. 105
  106. 106
  107. 107
  108. 108
  109. 109
  110. 110
  111. 111
  112. 112
  113. 113
  114. 114
  115. 115
  116. 116
  117. 117
  118. 118
  119. 119
  120. 120
  121. 121
  122. 122
  123. 123
  124. 124
  125. 125
  126. 126
  127. 127
  128. 128
  129. 129
  130. 130
  131. 131
  132. 132
  133. 133
  134. 134
  135. 135
  136. 136
  137. 137
  138. 138
  139. 139
  140. 140
  141. 141
  142. 142
  143. 143
  144. 144
  145. 145
  146. 146
  147. 147
  148. 148
  149. 149
  150. 150

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 31 Common Language Bible (BCL)

ဘု​ရား​သခင်​အား​ကိုး​စား​သည့် ဆု​တောင်း​ပတ္ထ​နာဒါ​ဝိဒ်​စပ်​ဆို​သော​ဆာ​လံ။

1. အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​သည်​အ​ထံ​တော်​သို့​ခို​လှုံ​ရန် ချဉ်း​ကပ်​ပါ​၏။ကျွန်​တော်​မျိုး​အား​အ​ဘယ်​အ​ခါ​၌​မျှ အ​ရေး​နိမ့်​စေ​တော်​မ​မူ​ပါ​နှင့်။ကိုယ်​တော်​ရှင်​သည်​တ​ရား​မျှ​တ​တော်​မူ​သော ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​ပန်​ကြား​လျှောက်​ထား​ပါ​၏။

2. ကျွန်​တော်​မျိုး​၏​လျှောက်​ထား​ချက်​ကို နား​ထောင်​တော်​မူ​ပါ။ယ​ခု​ပင်​ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။ကျွှန်​တော်​မျိုး​အား​ကွယ်​ကာ​ရန်​ကျွန်​တော်​မျိုး​၏ ခို​လှုံ​ရာ​ကျောက်​ဖြစ်​တော်​မူ​ပါ။ကယ်​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​၏​ရဲ​တိုက် ဖြစ်​တော်​မူ​ပါ။

3. ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ကျောက်​နှင့် ရဲ​တိုက်​ဖြစ်​တော်​မူ​ပါ​၏။က​တိ​တော်​ရှိ​သည်​အ​တိုင်း​ကျွန်​တော်​မျိုး​အား လမ်း​ပြ​ပို့​ဆောင်​တော်​မူ​ပါ။

4. ကျွန်​တော်​မျိုး​အ​တွက်​ထောင်​ထား​သော​ကျော့ ကွင်း​မှ လွတ်​မြောက်​စေ​တော်​မူ​ပါ။ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ခို​လှုံ​ရာ ဖြစ်​တော်​မူ​ပါ​၏။

5. ကျွန်​တော်​မျိုး​သည်​မိ​မိ​ကိုယ်​ကို​လက်​တော်​သို့ အပ်​ပါ​၏။အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ကယ်​တော်​မူ​ပါ​လိမ့်​မည်။ကိုယ်​တော်​ရှင်​သည်​သစ္စာ​စောင့်​တော်​မူ​သော​ဘု​ရား ဖြစ်​တော်​မူ​ပါ​၏။

6. ကိုယ်​တော်​ရှင်​သည်​မိစ္ဆာ​ဘု​ရား​များ​ကို​ကိုး​ကွယ် ဆည်း​ကပ်​သူ​တို့​ကို​မုန်း​တော်​မူ​ပါ​၏။သို့​ရာ​တွင်​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ကိုး​စား​ပါ​၏။

7. ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​ကြောင့်ကျွန်​တော်​မျိုး​သည်​ဝမ်း​မြောက်​ရွှင်​လန်း​ပါ လိမ့်​မည်။ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဝေ​ဒ​နာ​ကို မြင်​တော်​မူ​ပါ​၏။ကျွန်​တော်​မျိုး​၏​ဒုက္ခ​ကို​သိ​တော်​မူ​ပါ​၏။

8. ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​ရန်​သူ များ​၏ လက်​တွင်း​သို့​ကျ​ရောက်​စေ​တော်​မ​မူ​ဘဲလွတ်​လပ်​စွာ​သွား​လာ​နိုင်​ခွင့်​ကို​ပေး​တော်​မူ ပါ​ပြီ။

9. ကျွန်​တော်​မျိုး​သည်​ဒုက္ခ​ရောက်​လျက်​ရှိ​သ​ဖြင့်အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​သ​နား​တော်​မူ​ပါ။များ​စွာ​ငို​ကြွေး​ရ​သ​ဖြင့်​ကျွန်​တော်​မျိုး​၏ မျက်​စိ​များ​သည်​ကျိန်း​စပ်​လျက်​နေ​ပါ​၏။ကျွန်​တော်​မျိုး​၏​အား​အင်​သည်​လည်း လုံး​ဝ​ကုန်​ခန်း​လျက်​နေ​ပါ​ပြီ။

10. ဝမ်း​နည်း​ကြေ​ကွဲ​မှု​ကြောင့်​ကျွန်​တော်​မျိုး မော​ပန်း​နွမ်း​လျ​လျက်​ရှိ​ပါ​၏။ငို​ယို​မှု​ကြောင့်​ကျွန်​တော်​မျိုး​အ​သက်​တို ရ​ပါ​၏။ကျွန်​တော်​မျိုး​သည်​မိ​မိ​ခံ​ရ​သော​ဆင်း​ရဲ​ဒုက္ခ အ​ပေါင်း​ကြောင့်​အား​အင်​ချိ​နဲ့​လျက်​ရှိ​ပါ​၏။ကျွန်​တော်​မျိုး​၏​အ​ရိုး​များ​ပင်​လျှင် ဆွေး​မြေ့​ကုန်​ပါ​ပြီ။

11. ရန်​သူ​အ​ပေါင်း​တို့​သည်​ကျွန်​တော်​မျိုး​အား ပြောင်​လှောင်​ကြ​ပါ​၏။အ​ထူး​သ​ဖြင့်​အိမ်​နီး​ချင်း​များ​က​မ​ထီ​မဲ့ မြင် ပြု​ကြ​ပါ​၏။အ​သိ​မိတ်​ဆွေ​များ​သည်​ကျွန်​တော်​မျိုး​ကို ကြောက်​ကြ​ပါ​၏။လမ်း​တွင်​ကျွန်​တော်​မျိုး​ကို​တွေ့​မြင်​သော​အ​ခါ ထွက်​ပြေး​ကြ​ပါ​၏။

12. ကျွန်​တော်​မျိုး​သေ​လေ​ပြီ​ကဲ့​သို့လူ​အ​ပေါင်း​တို့​သည်​ကျွန်​တော်​မျိုး​အား မေ့​ပျောက်​သွား​ကြ​ပါ​၏။ကျွန်​တော်​မျိုး​သည်​စွန့်​ပစ်​ခြင်း​ခံ​ရ​သည့် အိုး​ကွဲ​ကဲ့​သို့​ဖြစ်​ပါ​၏။

13. ရန်​သူ​အ​များ​သည်​တီး​တိုး​ပြော​ဆို​နေ​သံ​ကို ကျွန်​တော်​မျိုး​ကြား​ပါ​၏။ကျွန်​တော်​မျိုး​၏​ပတ်​လည်​တွင် ကြောက်​မက်​ဖွယ်​ရာ​များ​နှင့်​ပြည့်​နှက်​နေ​ပါ​၏။ရန်​သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​သတ်​ရန် ကြံ​စည်​နေ​ကြ​ပါ​၏။

14. သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို ကိုး​စား​ပါ​၏။ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဘု​ရား ဖြစ်​တော်​မူ​ပါ​၏။

15. ကျွန်​တော်​မျိုး​၏​နေ့​ရက်​ကာ​လ​များ​သည် လက်​တော်​ထဲ​၌​ရှိ​ပါ​၏။ကျွန်​တော်​မျိုး​အား​ရန်​သူ​များ​နှင့်နှိပ်​စက်​ညှဉ်း​ဆဲ​သူ​တို့​၏​လက်​မှ​ကယ်​တော် မူ​ပါ။

16. သ​နား​သော​စိတ်​နှင့်​ကိုယ်​တော်​၏​အ​စေ​ခံ ကျွန်​တော်​မျိုး​အား​ကြည့်​တော်​မူ​ပါ။ကိုယ်​တော်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​နှင့် အ​ညီ ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။

17. အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​သည်​အ​ထံ​တော်​သို့ ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​၏။ကျွန်​တော်​မျိုး​အား​အ​ရှက်​ကွဲ​စေ​တော်​မ​မူ ပါ​နှင့်။သူ​ယုတ်​မာ​တို့​သည်​အ​ရှက်​ကွဲ​ရ​ကြ​ပါ​စေ​သော။သူ​တို့​သည်​မ​ရ​ဏာ​နိုင်​ငံ​တွင်​ဆိတ်​ဆိတ် နေ​ရ​ကြ​ပါ​စေ​သော။

18. မာ​န​ထောင်​လွှား​လျက်​သူ​တော်​ကောင်း​တို့​အ​ကြောင်းကဲ့​ရဲ့​ပြော​ဆို​တတ်​သူ​လူ​လိမ်​တို့​၏ နှုတ်​ကို​ပိတ်​တော်​မူ​ပါ။

19. ကိုယ်​တော်​ရှင်​အား​ကြောက်​ရွံ့​ရို​သေ​ကြ​သူ​တို့ ၏​အ​တွက်သို​မှီး​ထား​တော်​မူ​သော​ကောင်း​သော​အ​ရာ များ​ကား အ​လွန်​ပင်​အံ့​သြ​ဖွယ်​ကောင်း​လှ​ပါ​သည်​တ​ကား။ကိုယ်​တော်​ရှင်​သည်​ကောင်း​မြတ်​တော်​မူ​ကြောင်း ကို​လည်း​ကောင်း၊အ​ထံ​တော်​၌​ခို​လှုံ​ကြ​သူ​တို့​ကိုကွယ်​ကာ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း လူ​အ​ပေါင်း​တို့​သိ​ကြ​ပါ​၏။

20. လူ​တို့​၏​လျှို့​ဝှက်​ကြံ​စည်​မှု​မှ ကင်း​လွတ်​စေ​အံ့​သော​ငှာ​အ​ထံ​တော်​၌ခို​လှုံ​ကြ​သူ​တို့​ကို​ကိုယ်​တော်​ရှင်​သည်အ​ထံ​တော်​တွင်​လုံ​ခြုံ​စွာ​ဝှက်​၍​ထား​တော်​မူ ပါ​၏။ရန်​သူ​များ​၏​စော်​ကား​မှု​များ​မှ​ကင်း​လွတ်​စေ​ရန်သူ​တို့​ကို​လုံ​ခြုံ​ရာ​အ​ရပ်​တွင်​ဝှက်​၍ ထား​တော်​မူ​ပါ​၏။

21. ထာ​ဝ​ရ​ဘု​ရား​သ​ခင်​အား​ထော​မ​နာ​ပြု ကြ​လော့။ငါ့​အား​ဝိုင်း​ဝန်း​တိုက်​ခိုက်​ကြ​ချိန်​၌ကိုယ်​တော်​ပြ​တော်​မူ​သော​မေတ္တာ​တော်​သည်လွန်​စွာ​အံ့​သြ​ဖွယ်​ကောင်း​လှ​ပါ​သည်​တ​ကား။

22. ကိုယ်​တော်​ရှင်​သည်​ငါ့​အား​ရှေ့​တော်​မှောက်​မှ နှင်​ထုတ်​တော်​မူ​လေ​ပြီ​ဟူ​၍ငါ​သည်​ကြောက်​လန့်​စိုး​ရိမ်​မိ​ပါ​၏။သို့​ရာ​တွင်​အ​ထံ​တော်​သို့​ကူ​မ​တော်​မူ​ရန် ငါ​အော်​ဟစ်​သော​အ​ခါ၊ကိုယ်​တော်​ရှင်​သည်ငါ​၏​အော်​ဟစ်​သံ​ကို​ကြား​တော်​မူ​၏။

23. ကိုယ်​တော်​အား​သစ္စာ​စောင့်​သူ​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို​ချစ်​ကြ​လော့။သစ္စာ​စောင့်​သူ​တို့​အား​ထာ​ဝ​ရ​ဘု​ရား​သည် ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၏။သို့​ရာ​တွင်​မာ​န​ကြီး​သူ​တို့​အား​ထိုက်​သင့်​သည့် အ​ပြစ်​ဒဏ်​ကို​ပေး​တော်​မူ​၏။

24. ထာ​ဝ​ရ​ဘု​ရား​အား​စောင့်​မျှော်​ကြ​သူ​အ​ပေါင်း တို့၊ ကြံ့​ခိုင်​မှု​ရှိ​၍​ရဲ​ရင့်​ကြ​ကုန်​လော့။