ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 3:1-6 Common Language Bible (BCL)

1. ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တွင်​ရန်​သူ​များ​စွာ​ရှိ​ပါ​၏။ကျွန်​တော်​မျိုး​တစ်​ဘက်​၌​ထ​ကြွ​သူ​များ​ကြ​ပါ​၏။

2. သူ​တို့​က​ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​ကိုကူ​မ​တော်​မူ​လိမ့်​မည်​မ​ဟုတ်​ကြောင်း ပြော​ဆို​ကြ​ပါ​၏။

3. သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​သည်​ဒိုင်း​လွှား​သ​ဖွယ်​ကျွန်​တော်​မျိုး အား ဘေး​ရန်​များ​မှ​အ​စဉ်​ကွယ်​ကာ​တော်​မူ​ပါ​၏။ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား​အောင်​ပွဲ​ကိုပေး​တော်​မူ​လျက်​ရဲ​စွမ်း​သတ္တိ​နှင့်​ပြန်​လည် ပြည့်​ဝ​စေ​တော်​မူ​ပါ​၏။

4. ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​သို့​ကူ​မ တော်​မူ​ရန် ဟစ်​အော်​တောင်း​လျှောက်​သည့်​အ​ခါကိုယ်​တော်​သည်​သန့်​ရှင်း​မြင့်​မြတ်​ရာ​တောင်​ပေါ်​မှငါ​၏​ဆု​တောင်း​ပတ္ထနာ​သံ​ကို​နား​ညောင်း​တော်​မူ​၏။

5. ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​ကွယ်​ကာစောင့်​ထိန်း​တော်​မူ​သော​ကြောင့်​ငါ​သည်​လဲ​လျောင်း အိပ်​ပျော်​ခွင့်​ကို​ရ​ရှိ​၏။

6. မိ​မိ​ပတ်​လည်​တွင်​ဝိုင်း​ရံ​လျက်​ရှိ​သောရန်​သူ​ထောင်​သောင်း​များ​စွာ​တို့​ကို ငါ​သည်​မ​ကြောက်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 3