2. ဘုန်းအသရေတော်နှင့်ပြည့်စုံတော်မူသောထာဝရဘုရား၏နာမတော်ကို ထောမနာပြုကြလော့။သန့်ရှင်းမြင့်မြတ်တော်မူသောအရှင် ကြွလာတော်မူသောအခါရှေ့တော်၌ဦးညွှတ်ပျပ်ဝပ်ကြလော့။
3. ထာဝရဘုရား၏အသံတော်သည် ပင်လယ်များပေါ်တွင်ထွက်ပေါ်လာ၏။ဘုန်းအသရေတော်နှင့်ပြည့်စုံတော်မူသော ထာဝရဘုရားသည်မိုးချုန်းတော်မူ၏။အသံတော်သည်သမုဒ္ဒရာပေါ်တွင်ပဲ့တင်ထပ် လေ၏။
4. ထာဝရဘုရား၏အသံတော်သည်ထွက်ပေါ် လာ၏။ထိုအသံတော်သည်ဘုန်းတန်ခိုးအာနုဘော် တော်နှင့် ပြည့်စုံ၏။
5. ထာဝရဘုရား၏အသံတော်ကြောင့် အာရဇ်ပင်တို့သည်ကျိုးကျကုန်၏။လေဗနုန်တောမှအာရဇ်ပင်တို့ပင်လျှင် ကျိုးကျကုန်၏။
6. ကိုယ်တော်သည်လေဗနုန်တောင်တို့ကိုနွားသူငယ်များကဲ့သို့ခုန်ပေါက်စေတော် မူ၏။ဟေရမုန်တောင်ကိုလည်းနွားသိုးပျိုကဲ့သို့ ခုန်စေတော်မူ၏။