1. အို ကောင်းကင်သားတို့၊ထာဝရဘုရားအား ထောမနာပြုကြလော့။ကိုယ်တော်၏ဘုန်းအသရေတော်နှင့်တန်ခိုး တော်ကို ထောမနာပြုကြလော့။
2. ဘုန်းအသရေတော်နှင့်ပြည့်စုံတော်မူသောထာဝရဘုရား၏နာမတော်ကို ထောမနာပြုကြလော့။သန့်ရှင်းမြင့်မြတ်တော်မူသောအရှင် ကြွလာတော်မူသောအခါရှေ့တော်၌ဦးညွှတ်ပျပ်ဝပ်ကြလော့။
3. ထာဝရဘုရား၏အသံတော်သည် ပင်လယ်များပေါ်တွင်ထွက်ပေါ်လာ၏။ဘုန်းအသရေတော်နှင့်ပြည့်စုံတော်မူသော ထာဝရဘုရားသည်မိုးချုန်းတော်မူ၏။အသံတော်သည်သမုဒ္ဒရာပေါ်တွင်ပဲ့တင်ထပ် လေ၏။
4. ထာဝရဘုရား၏အသံတော်သည်ထွက်ပေါ် လာ၏။ထိုအသံတော်သည်ဘုန်းတန်ခိုးအာနုဘော် တော်နှင့် ပြည့်စုံ၏။
5. ထာဝရဘုရား၏အသံတော်ကြောင့် အာရဇ်ပင်တို့သည်ကျိုးကျကုန်၏။လေဗနုန်တောမှအာရဇ်ပင်တို့ပင်လျှင် ကျိုးကျကုန်၏။
6. ကိုယ်တော်သည်လေဗနုန်တောင်တို့ကိုနွားသူငယ်များကဲ့သို့ခုန်ပေါက်စေတော် မူ၏။ဟေရမုန်တောင်ကိုလည်းနွားသိုးပျိုကဲ့သို့ ခုန်စေတော်မူ၏။
7. ထာဝရဘုရား၏အသံတော်သည်အလင်း ရောင်ကို ပေါ်ထွက်စေတော်မူ၏။
8. ကိုယ်တော်၏အသံတော်သည်တောကန္တာရကို တုန်လှုပ်စေတော်မူ၏။ကိုယ်တော်သည်ကာဒေရှတောကန္တာရကို တုန်လှုပ်စေတော်မူ၏။
9. ထာဝရဘုရား၏အသံတော်သည် ဝက်သစ်ချပင်တို့ကိုတုန်လှုပ်စေတော်မူ၍သစ်ပင်များမှအရွက်ရှိသမျှကိုကြွေစေ တော်မူ၏။တစ်ချိန်တည်းမှာပင်``ဘုရားသခင်သည်ဘုန်း အသရေ ထွန်းတောက်တော်မူစေသတည်း'' ဟုဗိမာန်တော်တွင်လူအပေါင်းတို့ကြွေးကြော် ကြ၏။
10. ထာဝရဘုရားသည်ရေနက်ရာတို့တွင်စိုးစံ တော်မူ၏။ကိုယ်တော်သည်ထာဝစဉ်ဘုရင်အဖြစ်ဖြင့် စိုးစံတော်မူ၏။
11. ထာဝရဘုရားသည်မိမိ၏လူစုတော်အား စွမ်းအားပေးတော်မူ၏။သူတို့အားငြိမ်းချမ်းသာယာမှုကောင်းချီး မင်္ဂလာကိုပေးတော်မူ၏။