3. မကောင်းမှုပြုသည့်သူယုတ်မာများနှင့်အတူကျွန်တော်မျိုးအားအပြစ်ဒဏ်စီရင်တော်မမူ ပါနှင့်။ထိုသူတို့သည်နှုတ်ချိုသော်လည်းမုန်းစိတ်ရှိ ကြပါ၏။
4. ထိုသူတို့ပြုသောအမှုများနှင့်ကူးလွန်သောအပြစ်များအတွက်သူတို့အားအပြစ်ဒဏ် ပေးတော်မူပါ။သူတို့၏အကျင့်ဆိုးများအတွက် အပြစ်ဒဏ်ခတ်တော်မူပါ။သူတို့အပြစ်နှင့်ထိုက်သင့်သည့်အပြစ်ဒဏ်ကို စီရင်တော်မူပါ။
5. သူတို့သည်ထာဝရဘုရားပြုတော်မူသော အမှုတော်တို့ကိုလည်းကောင်း၊ကိုယ်တော်ဖန်ဆင်းတော်မူသောအရာများကိုလည်းကောင်း ပမာဏမပြုကြပါ။သို့ဖြစ်၍ကိုယ်တော်သည်သူတို့အားအပြစ်ဒဏ်ခတ်တော်မူ၍ထာဝစဉ်ဆုံးပါး ပျက်စီးစေတော်မူလိမ့်မည်။
6. ထာဝရဘုရားအားထောမနာပြုကြလော့။ကူမတော်မူရန်ငါအော်ဟစ်သည်ကို ကိုယ်တော်ကြားတော်မူပြီ။
7. ထာဝရဘုရားသည်ငါ့ကိုကွယ်ကာ စောင့်ရှောက်တော်မူ၏။ငါသည်ကိုယ်တော်အားကိုးစား၏။ကိုယ်တော်သည်ငါ့အားကူမတော်မူသဖြင့်ငါသည်ဝမ်းမြောက်လျက်ကိုယ်တော်အား ထောမနာသီချင်းများကိုဆို၏။
8. ထာဝရဘုရားသည်မိမိ၏လူစုတော်အား ကွယ်ကာစောင့်ရှောက်တော်မူ၏။မိမိဘိသိက်ပေးတော်မူသောရှင်ဘုရင်အား ကွယ်ကာစောင့်ရှောက်၍ကယ်မတော်မူ၏။