ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 28:1-4 Common Language Bible (BCL)

1. ကျွန်​တော်​မျိုး​၏​ကွယ်​ကာ​ရာ​အ​ရှင်အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့​ကျွန်​တော်​မျိုး ဟစ်​ခေါ်​ပါ​၏။ ထူး​တော်​မူ​ပါ။ကိုယ်​တော်​ရှင်​ထူး​တော်​မ​မူ​ပါ​လျှင် ကျွန်​တော်​မျိုး​သည်​သေ​ရွာ​သွား​ရ​ပါ​လိမ့်​မည်။

2. ကိုယ်​တော်​ရှင်​၏​သန့်​ရှင်း​မြင့်​မြတ်​သော​ဗိ​မာန် တော်​သို့ လက်​အုပ်​ချီ​လျက်``ကူ​မ​တော်​မူ​ပါ'' ဟုကျွန်​တော်​မျိုး​ဟစ်​အော်​သော​အ​ခါ နား​ထောင်​တော်​မူ​ပါ။

3. မ​ကောင်း​မှု​ပြု​သည့်​သူ​ယုတ်​မာ​များ​နှင့်​အ​တူကျွန်​တော်​မျိုး​အား​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မ​မူ ပါ​နှင့်။ထို​သူ​တို့​သည်​နှုတ်​ချို​သော်​လည်း​မုန်း​စိတ်​ရှိ ကြ​ပါ​၏။

4. ထို​သူ​တို့​ပြု​သော​အ​မှု​များ​နှင့်​ကူး​လွန်​သောအ​ပြစ်​များ​အ​တွက်​သူ​တို့​အား​အ​ပြစ်​ဒဏ် ပေး​တော်​မူ​ပါ။သူ​တို့​၏​အ​ကျင့်​ဆိုး​များ​အ​တွက် အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ပါ။သူ​တို့​အ​ပြစ်​နှင့်​ထိုက်​သင့်​သည့်​အ​ပြစ်​ဒဏ်​ကို စီ​ရင်​တော်​မူ​ပါ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 28