26. စိတ်နှလုံးဖြူစင်သူတို့အားဖြူစင်သော စိတ်သဘောထားကိုလည်းကောင်း၊သူယုတ်မာတို့အားရန်လိုသောစိတ်သဘော ကိုလည်းကောင်းပြတော်မူပါ၏။
27. ကိုယ်တော်သည်စိတ်နှလုံးနှိမ့်ချသူတို့အား ကယ်တော်မူပါ၏။သို့ရာတွင်မာနထောင်လွှားသူတို့ကိုမူ နိမ့်ကျစေတော်မူပါ၏။
28. အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား အလင်းကို ပေးတော်မူပါ၏။ကျွန်တော်မျိုး၏မှောင်မိုက်ကိုပျောက်လွင့် စေတော်မူပါ၏။
29. ရန်သူများကိုတိုက်ခိုက်ရန်ခွန်အားကို လည်းကောင်း၊သူတို့၏တပ်များကိုဖြိုခွင်းရန် တန်ခိုးကိုလည်းကောင်း၊ကျွန်တော်မျိုးအားပေးတော်မူပါ၏။
30. ဤဘုရားပြုတော်မူသောအမှုတို့သည် ပြီးပြည့်စုံလင်ပေ၏။ကိုယ်တော်၏စကားတော်တို့သည်လည်း ယုံကြည်စိတ်ချထိုက်ပါပေသည်တကား။ကိုယ်တော်သည်မိမိထံတွင်ခိုလှုံသူအပေါင်းတို့အတွက်ဒိုင်းလွှားသဖွယ်ဖြစ် တော်မူ၏။
31. ထာဝရဘုရားသည်သာလျှင်ဘုရားဖြစ် တော်မူ၏။ဘုရားသခင်သည်သာလျှင်ငါတို့ကွယ်ကာရာ ဖြစ်တော်မူ၏။
32. ကိုယ်တော်သည်ငါ့ကိုသန်စွမ်းစေတော်မူသော ဘုရား၊ငါလိုက်လျှောက်ရာခရီးလမ်းကိုဘေးမဲ့လုံခြုံ စေတော်မူသောဘုရားဖြစ်တော်မူ၏။
33. ကိုယ်တော်သည်ငါ့ခြေကိုသမင်ခြေကဲ့သို့ မြဲမြံစေတော်မူ၏။တောင်များပေါ်တွင်ငါ့ကိုဘေးမဲ့လုံခြုံစွာ ထားတော်မူ၏။
34. အသန်ဆုံးသောလေးကိုတင်နိုင်ရန်ငါ့အား စစ်ပွဲအတွက်လေ့ကျင့်ပေးတော်မူ၏။
35. အို ထာဝရဘုရား၊ကိုယ်တော်သည်ကျွန်တော်မျိုးအားကွယ်ကာ စောင့်ရှောက်၍ကယ်တော်မူပါ၏။ကိုယ်တော်ရှင်ကြည့်ရှုပြုစုတော်မူသဖြင့် ကျွန်တော်မျိုးသည်ကြီးမြင့်လာရပါ၏။ကိုယ်တော်၏တန်ခိုးတော်အားဖြင့်ဘေးမဲ့ လုံခြုံစွာ နေရပါ၏။
36. ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား အဖမ်းမခံရအောင်ကွယ်ကာတော်မူ၏။ကျွန်တော်မျိုးသည်လည်းအဘယ်အခါ၌မျှ အရေးမရှုံးနိမ့်ခဲ့ပါ။
37. ကျွန်တော်မျိုးသည်ရန်သူများကိုလိုက်လံ ဖမ်းဆီးပါ၏။သူတို့အားနှိမ်နင်းနိုင်သည့်အထိမရပ် မနားပါ။
38. သူတို့အားကျွန်တော်မျိုးထိုးနှက်တိုက်ခိုက် လိုက်သောအခါသူတို့သည်မထနိုင်ကြ တော့ပါ။ကျွန်တော်မျိုး၏ခြေရင်းတွင်လဲ၍ အညံ့ခံကြရပါ၏။
39. ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားစစ်ပွဲ ဝင်နိုင်ရန် ခွန်အားကိုပေးတော်မူ၏။ရန်သူများအားအောင်မြင်ခွင့်ကိုလည်း ပေးတော်မူပါ၏။