ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 18:25-37 Common Language Bible (BCL)

25. အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​သည်​သစ္စာ​ရှိ​သူ​တို့​အား သစ္စာ​စောင့်​တော်​မူ​၏။အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​အောင်​ကောင်း​မြတ်​သူ​တို့ အား အ​ကြွင်း​မဲ့​ကျေး​ဇူး​ပြု​တော်​မူ​တတ်​ပါ​၏။

26. စိတ်​နှ​လုံး​ဖြူ​စင်​သူ​တို့​အား​ဖြူ​စင်​သော စိတ်​သ​ဘော​ထား​ကို​လည်း​ကောင်း၊သူ​ယုတ်​မာ​တို့​အား​ရန်​လို​သော​စိတ်​သ​ဘော ကို​လည်း​ကောင်း​ပြ​တော်​မူ​ပါ​၏။

27. ကိုယ်​တော်​သည်​စိတ်​နှ​လုံး​နှိမ့်​ချ​သူ​တို့​အား ကယ်​တော်​မူ​ပါ​၏။သို့​ရာ​တွင်​မာ​န​ထောင်​လွှား​သူ​တို့​ကို​မူ နိမ့်​ကျ​စေ​တော်​မူ​ပါ​၏။

28. အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား အ​လင်း​ကို ပေး​တော်​မူ​ပါ​၏။ကျွန်​တော်​မျိုး​၏​မှောင်​မိုက်​ကို​ပျောက်​လွင့် စေ​တော်​မူ​ပါ​၏။

29. ရန်​သူ​များ​ကို​တိုက်​ခိုက်​ရန်​ခွန်​အား​ကို လည်း​ကောင်း၊သူ​တို့​၏​တပ်​များ​ကို​ဖြို​ခွင်း​ရန် တန်​ခိုး​ကို​လည်း​ကောင်း၊ကျွန်​တော်​မျိုး​အား​ပေး​တော်​မူ​ပါ​၏။

30. ဤ​ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​တို့​သည် ပြီး​ပြည့်​စုံ​လင်​ပေ​၏။ကိုယ်​တော်​၏​စ​ကား​တော်​တို့​သည်​လည်း ယုံ​ကြည်​စိတ်​ချ​ထိုက်​ပါ​ပေ​သည်​တ​ကား။ကိုယ်​တော်​သည်​မိ​မိ​ထံ​တွင်​ခို​လှုံ​သူအ​ပေါင်း​တို့​အ​တွက်​ဒိုင်း​လွှား​သ​ဖွယ်​ဖြစ် တော်​မူ​၏။

31. ထာ​ဝ​ရ​ဘု​ရား​သည်​သာ​လျှင်​ဘု​ရား​ဖြစ် တော်​မူ​၏။ဘု​ရား​သ​ခင်​သည်​သာ​လျှင်​ငါ​တို့​ကွယ်​ကာ​ရာ ဖြစ်​တော်​မူ​၏။

32. ကိုယ်​တော်​သည်​ငါ့​ကို​သန်​စွမ်း​စေ​တော်​မူ​သော ဘု​ရား၊ငါ​လိုက်​လျှောက်​ရာ​ခ​ရီး​လမ်း​ကို​ဘေး​မဲ့​လုံ​ခြုံ စေ​တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​၏။

33. ကိုယ်​တော်​သည်​ငါ့​ခြေ​ကို​သ​မင်​ခြေ​ကဲ့​သို့ မြဲ​မြံ​စေ​တော်​မူ​၏။တောင်​များ​ပေါ်​တွင်​ငါ့​ကို​ဘေး​မဲ့​လုံ​ခြုံ​စွာ ထား​တော်​မူ​၏။

34. အ​သန်​ဆုံး​သော​လေး​ကို​တင်​နိုင်​ရန်​ငါ့​အား စစ်​ပွဲ​အ​တွက်​လေ့​ကျင့်​ပေး​တော်​မူ​၏။

35. အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား​ကွယ်​ကာ စောင့်​ရှောက်​၍​ကယ်​တော်​မူ​ပါ​၏။ကိုယ်​တော်​ရှင်​ကြည့်​ရှု​ပြု​စု​တော်​မူ​သ​ဖြင့် ကျွန်​တော်​မျိုး​သည်​ကြီး​မြင့်​လာ​ရ​ပါ​၏။ကိုယ်​တော်​၏​တန်​ခိုး​တော်​အား​ဖြင့်​ဘေး​မဲ့ လုံ​ခြုံ​စွာ နေ​ရ​ပါ​၏။

36. ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား အ​ဖမ်း​မ​ခံ​ရ​အောင်​ကွယ်​ကာ​တော်​မူ​၏။ကျွန်​တော်​မျိုး​သည်​လည်း​အ​ဘယ်​အ​ခါ​၌​မျှ အ​ရေး​မ​ရှုံး​နိမ့်​ခဲ့​ပါ။

37. ကျွန်​တော်​မျိုး​သည်​ရန်​သူ​များ​ကို​လိုက်​လံ ဖမ်း​ဆီး​ပါ​၏။သူ​တို့​အား​နှိမ်​နင်း​နိုင်​သည့်​အ​ထိ​မ​ရပ် မ​နား​ပါ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 18