ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 18:1-12 Common Language Bible (BCL)

1. အို ထာ​ဝ​ရ​ဘု​ရား​သ​ခင်၊ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​အား​အ​လွန်​ပင် ချစ်​ခင်​မြတ်​နိုး​ပါ​၏။ကိုယ်​တော်​သည်​လည်း​ကျွန်​တော်​မျိုး​အား ကာ​ကွယ်​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။

2. ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​ကွယ်​ကာ​သော​အ​ရှင်၊ ငါ​၏​ခိုင်​ခံ့​သော​ရဲ​တိုက်​ဖြစ်​တော်​မူ​၏။ငါ​၏​ဘု​ရား​သည်​ငါ့​ကို​ကွယ်​ကာ​စောင့်​ရှောက် တော်​မူ​သ​ဖြင့်​ငါ​သည်​ဘေး​မဲ့​လုံ​ခြုံ​၏။ကိုယ်​တော်​သည်​ဒိုင်း​လွှား​သ​ဖွယ်​ငါ့​ကို ကွယ်​ကာ​တော်​မူ​၏။ငါ​၏​ဘက်​မှ​ခု​ခံ​တိုက်​ခိုက်​တော်​မူ​၍​ငါ့​အား ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော်​မူ​၏။

3. ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အားတောင်း​လျှောက်​သော​အ​ခါ​ကိုယ်​တော်​သည် ငါ့​အား​ရန်​သူ​များ​၏​လက်​မှ​ကယ်​တော်​မူ​၏။ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။

4. သေ​မင်း​၏​နှောင်​ကြိုး​တို့​သည်​ငါ့​ကို​ရစ်​ပတ် ပါ​၏။ဖျက်​ဆီး​ခြင်း​လှိုင်း​လုံး​များ​သည်​ငါ​၏​အ​ပေါ် သို့ လွှမ်း​မိုး​ကြ​၏။

5. သေ​မင်း​၏​နှောင်​ကြိုး​တို့​သည်​ငါ့​ကို​ရစ်​ပတ် ပါ​၏။သင်္ချိုင်း​တွင်း​သည်​ငါ့​ကို​ဖမ်း​ရန်​ကျော့​ကွင်း ထောင်​ထား​၏။

6. ငါ​သည်​ဒုက္ခ​ရောက်​၍​ဘု​ရား​သ​ခင်​အား လျှောက်​ထား​ပါ​၏။ကူ​မ​တော်​မူ​ရန်​ငါ​၏​ဘု​ရား​အား​လျှောက် ထား​ပါ​၏။ကိုယ်​တော်​သည်​ဗိ​မာန်​တော်​ထဲ​မှ​ငါ​၏ အ​သံ​ကို​ကြား​တော်​မူ​၏။ကူ​မ​တော်​မူ​ရန်​ငါ​၏​အော်​သံ​ကို​ကိုယ်​တော် ကြား​တော်​မူ​၏။

7. ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက်​တော် ကြောင့်ကမ္ဘာ​ပေါ်​တွင်​သိမ့်​သိမ့်​တုန်​အောင် မြေ​င​လျင်​လှုပ်​လေ​၏။တောင်​တို့​သည်​လည်း​အောက်​ခြေ​မှ​တုန်​လှုပ် ကြ​ကုန်​၏။

8. ကိုယ်​တော်​၏​နှာ​ခေါင်း​တော်​ထဲ​မှ မီး​ခိုး​များ​သည်​လည်း​ကောင်း၊ခံ​တွင်း​တော်​ထဲ​မှ​ကျွမ်း​လောင်​စေ​တတ်​သည့်မီး​လျှံ​နှင့်​မီး​ကျီး​ခဲ​များ​သည်​လည်း​ကောင်း ထွက်​လေ​၏။

9. ကိုယ်​တော်​သည်​မိုး​ကောင်း​ကင်​ကို​ဖွင့်​ဟ​လျက် ဆင်း​သက်​ကြွ​လာ​တော်​မူ​၏။ခြေ​ဖ​ဝါး​တော်​အောက်​တွင်​မဲ​မှောင်​သော မိုး​တိမ်​များ​ရှိ​၏။

10. ကိုယ်​တော်​သည်​ခေ​ရု​ဗိမ် ကို​စီး​လျက်၊လေ​၏​အ​ဟုန်​ဖြင့်​လျင်​မြန်​စွာ​ကြွ​လာ​တော်​မူ​၏။

11. ကိုယ်​တော်​သည်​မိ​မိ​ကိုယ်​ကို​အ​မှောင်​ဖြင့် ဖုံး​လွှမ်း​တော်​မူ​၏။ကိုယ်​တော်​၏​ပတ်​လည်​တွင်​ရေ​ဖြင့်​ပြည့်​လျက် ထူ​ထပ်​သော​မိုး​တိမ်​များ​ရှိ​၏။

12. ကိုယ်​တော်​၏​ရှေ့​တော်​တွင်​မိုး​သီး​နှင့်​မီး​လျှံ များ​သည် လျှပ်​စစ်​ပြက်​ရာ​မှ​ပေါ်​ထွက်​လာ​လျက်၊မဲ​မှောင်​နေ​သော​မိုး​တိမ်​များ​ကို​ထွင်း​ဖောက်​၍ ကျ​လာ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 18