ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 16:5-11 Common Language Bible (BCL)

5. အို ထာ​ဝ​ဘု​ရား၊ကျွန်​တော်​မျိုး​မှီ​ခို​ရာ​ကိုယ်​တော်​ရှင်​တစ်​ပါး သာ​လျှင် ရှိ​ပါ​၏။ကျွန်​တော်​မျိုး​လို​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို​လည်း ကိုယ်​တော်​ရှင်​ပေး​တော်​မူ​ပါ​၏။ကျွန်​တော်​မျိုး​၏​အ​နာ​ဂတ်​သည်​ကိုယ်​တော်​၏ လက်​ဝယ်​ရှိ​ပါ​၏။

6. ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​ပေး​တော်​မူ​သောဆု​ကျေး​ဇူး​တော်​များ​သည် အံ့​သြ​ဖွယ်​ကောင်း​လှ​ပါ​သည်။ယင်း​တို့​သည်​ကောင်း​မြတ်​လှ​ပါ​သည်​တ​ကား။

7. ထာ​ဝ​ရ​ဘု​ရား​သည်ငါ့​ကို​လမ်း​ပြ​ပို့​ဆောင်​တော်​မူ​သ​ဖြင့် ငါ​သည်​ကိုယ်​တော်​အား​ထော​မ​နာ​ပြု​၏။ငါ​၏​သြတ္တပ္ပ​စိတ်​သည်​ညဥ့်​အ​ခါ​ငါ့​ကို သ​တိ​ပေး​နှိုး​ဆော်​တတ်​၏။

8. ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​နှင့်​အ​တူ​ရှိ​တော် မူ​သည်​ကို ငါ​အ​စဉ်​သိ​၏။ကိုယ်​တော်​သည်​ငါ​၏​အ​နီး​၌​ရှိ​တော်​မူ​သ​ဖြင့်အ​ဘယ်​အ​ရာ​မျှ​ငါ့​ကို​တုန်​လှုပ်​စေ​နိုင်​မည် မ​ဟုတ်​ပါ။

9. သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​သည်​ရွှင်​လန်း​ဝမ်း​မြောက် ပါ​၏။ကျွန်​တော်​မျိုး​သည်​ဘေး​ကင်း​လုံ​ခြုံ​လျက်​ရှိ​ပါ​၏။

10. အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​အား​မ​ရ​ဏာ​နိုင်​ငံ​သို့​လား​ရန်အ​ခွင့်​ပေး​တော်​မူ​မည်​မ​ဟုတ်​သော​ကြောင့်​တည်း။ကျွန်​တော်​မျိုး​သည်​အ​မှု​တော်​ကို​သစ္စာ​ရှိ​စွာ ထမ်း​ခဲ့​ပါ​၏။ကွန်​တော်​မျိုး​အား​သေ​မင်း​၏​လက်​သို့ အပ်​တော်​မူ​မည်​မ​ဟုတ်​ပါ။

11. ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​အ​သက်​ရှင်​ရာ လမ်း​ကို​ပြ​ညွှန်​တော်​မူ​လိမ့်​မည်။ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​အ​နီး​တွင် ရှိ​တော်​မူ​သည်​ဖြစ်​၍ကျွန်​တော်​မျိုး​သည်​ရွှင်​လန်း​ဝမ်း​မြောက်​၍ ထာ​ဝ​စဉ်​ပျော်​မွေ့​လျက်​ရှိ​ပါ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 16