ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 147:5-16 Common Language Bible (BCL)

5. ငါ​တို့​၏​ဘု​ရား​ရှင်​သည်​ကြီး​မြတ်​တော်​မူ​၍ တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ​၏။ကိုယ်​တော်​၏​ဉာဏ်​ပ​ညာ​တော်​ကို​တိုင်း​ထွာ​၍ မ​ရ​နိုင်​ပါ။

6. ကိုယ်​တော်​သည်​နိမ့်​ကျ​သူ​တို့​ကို​ထူ​ပင့်​တော် မူ​၍ယုတ်​မာ​သူ​တို့​ကို​မူ​မြေ​သို့​တိုင်​အောင်​လဲ​ကျ စေ​တော်​မူ​၏။

7. ထော​မ​နာ​သီ​ချင်း​များ​ကို​ဆို​၍​ထာ​ဝ​ရ ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။စောင်း​ကို​တီး​၍​ဂီ​တ​သံ​ဖြင့်​ငါ​တို့​ဘု​ရား အား ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။

8. ကိုယ်​တော်​သည်​ကောင်း​ကင်​ပြင်​ကို​မိုး​တိမ် များ​ဖြင့် ဖုံး​လွှမ်း​တော်​မူ​၏။ကမ္ဘာ​မြေ​ကြီး​ပေါ်​သို့​မိုး​ရွာ​စေ​တော်​မူ​၍တောင်​ကုန်း​များ​တွင်​မြက်​များ​ကို​ပေါက်​စေ တော်​မူ​၏။

9. ကိုယ်​တော်​သည်​တိ​ရစ္ဆာန်​များ​အား အ​စာ​ရေ​စာ​ကို​ပေး​တော်​မူ​၏။ကျီး​သား​ငယ်​တို့​အော်​သော​အ​ခါ ကျွေး​မွေး​တော်​မူ​၏။

10. ကိုယ်​တော်​သည်​ခွန်​အား​ကြီး​မား​သော​မြင်း​တို့ ကို​သော်​လည်း​ကောင်း၊ရဲ​စွမ်း​သတ္တိ​ရှိ​သော​စစ်​သည်​တို့​ကို​လည်း​ကောင်း နှစ်​သက်​တော်​မူ​သည်​မဟုတ်။

11. သို့​ရာ​တွင်​မိ​မိ​အား​ကြောက်​ရွံ့​ရို​သေ​သူ​များ၊ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို​ကိုး​စား​သူ​များ ကို နှစ်​သက်​တော်​မူ​ပေ​သည်။

12. အို ယေ​ရု​ရှ​လင်​မြို့၊ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​လော့။အို ဇိ​အုန်​မြို့၊သင်​၏​ဘု​ရား​ကို​ထော​မ​နာ​ပြု လော့။

13. ကိုယ်​တော်​သည်​သင်​၏​မြို့​တံ​ခါး​ကို​ခိုင်​ခံ့ စေ​တော်​မူ​၍သင်​၏​မြို့​သူ​မြို့​သား​တို့​ကို​ကောင်း​ချီး​ပေး တော်​မူ​၏။

14. ကိုယ်​တော်​သည်​သင်​၏​မြို့​တံ​ခါး​ကို​ဘေး​မဲ့ လုံ​ခြုံ​စွာ​ထား​တော်​မူ​၍သင့်​အား​အ​ကောင်း​ဆုံး​သော​ဂျုံ​ဆန်​ဖြင့် ရောင့်​ရဲ​စေ​တော်​မူ​၏။

15. ကိုယ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​အား အ​မိန့်​ပေး​တော်​မူ​၏။ထို​အ​မိန့်​တော်​အ​တိုင်း​လျင်​မြန်​စွာ​ဖြစ် ပျက်​လာ​၏။

16. ကိုယ်​တော်​သည်​သိုး​မွေး​သ​ဖွယ်​ထူ​ထပ်​သော မိုး​ပွင့်​များ​ကို​ကျ​စေ​တော်​မူ​၍ပြာ​မှုန့်​သ​ဖွယ်​ဆီး​နှင်း​ခဲ​များ​ကို​ကြဲ​ချ တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 147