ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 147:12-20 Common Language Bible (BCL)

12. အို ယေ​ရု​ရှ​လင်​မြို့၊ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​လော့။အို ဇိ​အုန်​မြို့၊သင်​၏​ဘု​ရား​ကို​ထော​မ​နာ​ပြု လော့။

13. ကိုယ်​တော်​သည်​သင်​၏​မြို့​တံ​ခါး​ကို​ခိုင်​ခံ့ စေ​တော်​မူ​၍သင်​၏​မြို့​သူ​မြို့​သား​တို့​ကို​ကောင်း​ချီး​ပေး တော်​မူ​၏။

14. ကိုယ်​တော်​သည်​သင်​၏​မြို့​တံ​ခါး​ကို​ဘေး​မဲ့ လုံ​ခြုံ​စွာ​ထား​တော်​မူ​၍သင့်​အား​အ​ကောင်း​ဆုံး​သော​ဂျုံ​ဆန်​ဖြင့် ရောင့်​ရဲ​စေ​တော်​မူ​၏။

15. ကိုယ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​အား အ​မိန့်​ပေး​တော်​မူ​၏။ထို​အ​မိန့်​တော်​အ​တိုင်း​လျင်​မြန်​စွာ​ဖြစ် ပျက်​လာ​၏။

16. ကိုယ်​တော်​သည်​သိုး​မွေး​သ​ဖွယ်​ထူ​ထပ်​သော မိုး​ပွင့်​များ​ကို​ကျ​စေ​တော်​မူ​၍ပြာ​မှုန့်​သ​ဖွယ်​ဆီး​နှင်း​ခဲ​များ​ကို​ကြဲ​ချ တော်​မူ​၏။

17. ကိုယ်​တော်​သည်​မိုး​သီး​များ​ကို​မုန့်​ကျိုး မုန့်​ပဲ့​များ​သ​ဖွယ်​ကျ​စေ​တော်​မူ​၏။ကိုယ်​တော်​ရှင်​စေ​လွှတ်​တော်​မူ​လိုက်​သည့် အ​အေး​ဋ္ဌာတ်​ကို​အ​ဘယ်​သူ​မျှ​မ​ခံ နိုင်​ပေ။

18. ထို​နောက်​ကိုယ်​တော်​သည်​အ​မိန့်​ပေး​တော်​မူ​သ​ဖြင့် ရေ​ခဲ​သည်​အ​ရည်​ပျော်​လေ​၏။လေ​ကို​တိုက်​စေ​တော်​မူ​သ​ဖြင့် ရေ​သည်​စီး​ဆင်း​လေ​၏။

19. ကိုယ်​တော်​သည်​နှုတ်​က​ပတ်​တော်​ကို​မိ​မိ လူ​စု​တော်​အား​လည်း​ကောင်း၊အ​ထုံး​အ​ဖွဲ့​တော်​နှင့်​ပ​ညတ်​တော်​များ​ကို ဣသ​ရေ​လ​အား​လည်း​ကောင်း​ပေး​အပ်​တော် မူ​၏။

20. ကိုယ်​တော်​သည်​အ​ခြား​လူ​မျိုး​တို့​အ​တွက် ဤ​သို့​ပြု​တော်​မ​မူ။သူ​တို့​သည်​ကိုယ်​တော်​၏​ပ​ညတ်​တော်​များ​ကို မ​သိ​ရ​ကြ။ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 147