11. သို့ရာတွင်မိမိအားကြောက်ရွံ့ရိုသေသူများ၊ခိုင်မြဲသောမေတ္တာတော်ကိုကိုးစားသူများ ကို နှစ်သက်တော်မူပေသည်။
12. အို ယေရုရှလင်မြို့၊ထာဝရဘုရားအား ထောမနာပြုလော့။အို ဇိအုန်မြို့၊သင်၏ဘုရားကိုထောမနာပြု လော့။
13. ကိုယ်တော်သည်သင်၏မြို့တံခါးကိုခိုင်ခံ့ စေတော်မူ၍သင်၏မြို့သူမြို့သားတို့ကိုကောင်းချီးပေး တော်မူ၏။
14. ကိုယ်တော်သည်သင်၏မြို့တံခါးကိုဘေးမဲ့ လုံခြုံစွာထားတော်မူ၍သင့်အားအကောင်းဆုံးသောဂျုံဆန်ဖြင့် ရောင့်ရဲစေတော်မူ၏။
15. ကိုယ်တော်သည်ကမ္ဘာမြေကြီးအား အမိန့်ပေးတော်မူ၏။ထိုအမိန့်တော်အတိုင်းလျင်မြန်စွာဖြစ် ပျက်လာ၏။
16. ကိုယ်တော်သည်သိုးမွေးသဖွယ်ထူထပ်သော မိုးပွင့်များကိုကျစေတော်မူ၍ပြာမှုန့်သဖွယ်ဆီးနှင်းခဲများကိုကြဲချ တော်မူ၏။
17. ကိုယ်တော်သည်မိုးသီးများကိုမုန့်ကျိုး မုန့်ပဲ့များသဖွယ်ကျစေတော်မူ၏။ကိုယ်တော်ရှင်စေလွှတ်တော်မူလိုက်သည့် အအေးဋ္ဌာတ်ကိုအဘယ်သူမျှမခံ နိုင်ပေ။
18. ထိုနောက်ကိုယ်တော်သည်အမိန့်ပေးတော်မူသဖြင့် ရေခဲသည်အရည်ပျော်လေ၏။လေကိုတိုက်စေတော်မူသဖြင့် ရေသည်စီးဆင်းလေ၏။
19. ကိုယ်တော်သည်နှုတ်ကပတ်တော်ကိုမိမိ လူစုတော်အားလည်းကောင်း၊အထုံးအဖွဲ့တော်နှင့်ပညတ်တော်များကို ဣသရေလအားလည်းကောင်းပေးအပ်တော် မူ၏။
20. ကိုယ်တော်သည်အခြားလူမျိုးတို့အတွက် ဤသို့ပြုတော်မမူ။သူတို့သည်ကိုယ်တော်၏ပညတ်တော်များကို မသိရကြ။ထာဝရဘုရားအားထောမနာပြုကြလော့။