ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 147:1-12 Common Language Bible (BCL)

1. ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ငါ​တို့​၏​ဘု​ရား​အား​ထော​မ​နာ သီ​ချင်း​ဆို​ခြင်း​သည်​မွန်​မြတ်​ပါ​ပေ​သည်။ကိုယ်​တော်​ကို​ထော​မ​နာ​ပြု​ရ​ခြင်း​သည် မှန်​ကန်​လျောက်​ပတ်​ဖွယ်​ကောင်း​ပါ​ပေ​သည်။

2. ထာ​ဝ​ရ​ဘု​ရား​သည်​ယေ​ရု​ရှ​လင်​မြို့​ကိုပြန်​လည်​ထူ​ထောင်​လျက်​တိုင်း​တစ်​ပါး​တွင် နေ​ကြ​ရ​သူဣသ​ရေ​လ​အ​မျိုး​သား​တို့​အား​ပြန်​လည် ခေါ်​ဆောင်​လာ​တော်​မူ​၏။

3. စိတ်​နှလုံး​ကြေ​ကွဲ​သူ​တို့​ကို​နှစ်​သိမ့်​စေ​တော် မူ​၍သူ​တို့​၏​ဒဏ်​ရာ​ဒဏ်​ချက်​များ​ကို​ပတ်​စည်း တော်​မူ​၏။

4. ကိုယ်​တော်​သည်​ကြယ်​တာ​ရာ​များ​၏​အ​ရေ အ​တွက်​ကိုသတ်​မှတ်​တော်​မူ​၍​ကြယ်​တစ်​လုံး​စီ​ကို​နာ​မည် မှည့်​ခေါ်​တော်​မူ​၏။

5. ငါ​တို့​၏​ဘု​ရား​ရှင်​သည်​ကြီး​မြတ်​တော်​မူ​၍ တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ​၏။ကိုယ်​တော်​၏​ဉာဏ်​ပ​ညာ​တော်​ကို​တိုင်း​ထွာ​၍ မ​ရ​နိုင်​ပါ။

6. ကိုယ်​တော်​သည်​နိမ့်​ကျ​သူ​တို့​ကို​ထူ​ပင့်​တော် မူ​၍ယုတ်​မာ​သူ​တို့​ကို​မူ​မြေ​သို့​တိုင်​အောင်​လဲ​ကျ စေ​တော်​မူ​၏။

7. ထော​မ​နာ​သီ​ချင်း​များ​ကို​ဆို​၍​ထာ​ဝ​ရ ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။စောင်း​ကို​တီး​၍​ဂီ​တ​သံ​ဖြင့်​ငါ​တို့​ဘု​ရား အား ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။

8. ကိုယ်​တော်​သည်​ကောင်း​ကင်​ပြင်​ကို​မိုး​တိမ် များ​ဖြင့် ဖုံး​လွှမ်း​တော်​မူ​၏။ကမ္ဘာ​မြေ​ကြီး​ပေါ်​သို့​မိုး​ရွာ​စေ​တော်​မူ​၍တောင်​ကုန်း​များ​တွင်​မြက်​များ​ကို​ပေါက်​စေ တော်​မူ​၏။

9. ကိုယ်​တော်​သည်​တိ​ရစ္ဆာန်​များ​အား အ​စာ​ရေ​စာ​ကို​ပေး​တော်​မူ​၏။ကျီး​သား​ငယ်​တို့​အော်​သော​အ​ခါ ကျွေး​မွေး​တော်​မူ​၏။

10. ကိုယ်​တော်​သည်​ခွန်​အား​ကြီး​မား​သော​မြင်း​တို့ ကို​သော်​လည်း​ကောင်း၊ရဲ​စွမ်း​သတ္တိ​ရှိ​သော​စစ်​သည်​တို့​ကို​လည်း​ကောင်း နှစ်​သက်​တော်​မူ​သည်​မဟုတ်။

11. သို့​ရာ​တွင်​မိ​မိ​အား​ကြောက်​ရွံ့​ရို​သေ​သူ​များ၊ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို​ကိုး​စား​သူ​များ ကို နှစ်​သက်​တော်​မူ​ပေ​သည်။

12. အို ယေ​ရု​ရှ​လင်​မြို့၊ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​လော့။အို ဇိ​အုန်​မြို့၊သင်​၏​ဘု​ရား​ကို​ထော​မ​နာ​ပြု လော့။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 147