1. ထာဝရဘုရားအားထောမနာပြုကြလော့။ငါတို့၏ဘုရားအားထောမနာ သီချင်းဆိုခြင်းသည်မွန်မြတ်ပါပေသည်။ကိုယ်တော်ကိုထောမနာပြုရခြင်းသည် မှန်ကန်လျောက်ပတ်ဖွယ်ကောင်းပါပေသည်။
2. ထာဝရဘုရားသည်ယေရုရှလင်မြို့ကိုပြန်လည်ထူထောင်လျက်တိုင်းတစ်ပါးတွင် နေကြရသူဣသရေလအမျိုးသားတို့အားပြန်လည် ခေါ်ဆောင်လာတော်မူ၏။
3. စိတ်နှလုံးကြေကွဲသူတို့ကိုနှစ်သိမ့်စေတော် မူ၍သူတို့၏ဒဏ်ရာဒဏ်ချက်များကိုပတ်စည်း တော်မူ၏။
4. ကိုယ်တော်သည်ကြယ်တာရာများ၏အရေ အတွက်ကိုသတ်မှတ်တော်မူ၍ကြယ်တစ်လုံးစီကိုနာမည် မှည့်ခေါ်တော်မူ၏။
5. ငါတို့၏ဘုရားရှင်သည်ကြီးမြတ်တော်မူ၍ တန်ခိုးနှင့်ပြည့်စုံတော်မူ၏။ကိုယ်တော်၏ဉာဏ်ပညာတော်ကိုတိုင်းထွာ၍ မရနိုင်ပါ။
6. ကိုယ်တော်သည်နိမ့်ကျသူတို့ကိုထူပင့်တော် မူ၍ယုတ်မာသူတို့ကိုမူမြေသို့တိုင်အောင်လဲကျ စေတော်မူ၏။
7. ထောမနာသီချင်းများကိုဆို၍ထာဝရ ဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းကြလော့။စောင်းကိုတီး၍ဂီတသံဖြင့်ငါတို့ဘုရား အား ဂုဏ်တော်ကိုချီးမွမ်းကြလော့။
8. ကိုယ်တော်သည်ကောင်းကင်ပြင်ကိုမိုးတိမ် များဖြင့် ဖုံးလွှမ်းတော်မူ၏။ကမ္ဘာမြေကြီးပေါ်သို့မိုးရွာစေတော်မူ၍တောင်ကုန်းများတွင်မြက်များကိုပေါက်စေ တော်မူ၏။
9. ကိုယ်တော်သည်တိရစ္ဆာန်များအား အစာရေစာကိုပေးတော်မူ၏။ကျီးသားငယ်တို့အော်သောအခါ ကျွေးမွေးတော်မူ၏။
10. ကိုယ်တော်သည်ခွန်အားကြီးမားသောမြင်းတို့ ကိုသော်လည်းကောင်း၊ရဲစွမ်းသတ္တိရှိသောစစ်သည်တို့ကိုလည်းကောင်း နှစ်သက်တော်မူသည်မဟုတ်။