ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 146:1-8 Common Language Bible (BCL)

1. ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​လော့။အို ငါ့​ဝိ​ညာဉ်၊ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ ပြု​လော့။

2. ငါ​သည်​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး ကိုယ်​တော်​အား​ထော​မ​နာ​ပြု​မည်။တစ်​သက်​ပတ်​လုံး​ငါ​၏​ဘု​ရား​အား​ထော​မ​နာ သီ​ချင်း​ဆို​မည်။

3. လူ​တို့​၏​ခေါင်း​ဆောင်​များ​ကို​မ​ကိုး​စား​ကြ​နှင့်။အ​ဘယ်​လူ​သား​မျှ​သင်​တို့​ကို​မ​ကယ်​တင်​နိုင်။

4. သူ​တို့​သည်​သေ​သော​အ​ခါ​မြေ​သို့​ပြန်​ကြ​ရ​၍ သူ​တို့​၏​အ​ကြံ​အ​စည်​ပျက်​ပြား​ရ​ကြ​၏။

5. ယာ​ကုပ်​၏​ဘု​ရား​သ​ခင်​ကူ​မ​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ၊မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို အား​ကိုး​သော​သူ​သည်​မင်္ဂလာ​ရှိ​၏။

6. ကိုယ်​တော်​သည်​ကောင်း​ကင်၊ကမ္ဘာ​မြေ​ကြီးပင်​လယ်​နှင့်​တ​ကွ​ယင်း​တို့​တွင်​ရှိ​သ​မျှ​သော အ​ရာ​တို့​ကို​ဖန်​ဆင်း​တော်​မူ​၏။ကိုယ်​တော်​သည်​သစ္စာ​တော်​ကို​အ​စဉ်​အ​မြဲ စောင့်​တော်​မူ​၏။

7. ကိုယ်​တော်​သည်​ဖိ​နှိပ်​ညှဉ်း​ဆဲ​ခြင်း​ခံ​ရ​သူ တို့​အားမျက်​နှာ​သာ​ပေး​၍​စီ​ရင်​ချက်​ချ​မှတ်​တော်​မူ​လျက် ငတ်​မွတ်​သူ​တို့​ကို​ကျွေး​မွေး​တော်​မူ​၏။ထာ​ဝ​ရ​ဘု​ရား​သည်​အ​ကျဉ်း​ကျ​နေ​သူ​တို့​အား လွတ်​မြောက်​စေ​တော်​မူ​၍

8. မျက်​မ​မြင်​တို့​အား​မျက်​စိ​မြင်​စေ​တော်​မူ​၏။ လဲ​ကျ​နေ​သူ​အ​ပေါင်း​တို့​ကို​ကူ​မ​တော်​မူ​၏။ကိုယ်​တော်​သည်​ဖြောင့်​မတ်​သော​သူ​တို့​ကို ချစ်​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 146