1. ထာဝရဘုရားအားထောမနာပြုလော့။အို ငါ့ဝိညာဉ်၊ထာဝရဘုရားအားထောမနာ ပြုလော့။
2. ငါသည်အသက်ရှင်သမျှကာလပတ်လုံး ကိုယ်တော်အားထောမနာပြုမည်။တစ်သက်ပတ်လုံးငါ၏ဘုရားအားထောမနာ သီချင်းဆိုမည်။
3. လူတို့၏ခေါင်းဆောင်များကိုမကိုးစားကြနှင့်။အဘယ်လူသားမျှသင်တို့ကိုမကယ်တင်နိုင်။
4. သူတို့သည်သေသောအခါမြေသို့ပြန်ကြရ၍ သူတို့၏အကြံအစည်ပျက်ပြားရကြ၏။
5. ယာကုပ်၏ဘုရားသခင်ကူမတော်မူခြင်းကို ခံရသောသူ၊မိမိ၏ဘုရားသခင်ထာဝရဘုရားကို အားကိုးသောသူသည်မင်္ဂလာရှိ၏။
6. ကိုယ်တော်သည်ကောင်းကင်၊ကမ္ဘာမြေကြီးပင်လယ်နှင့်တကွယင်းတို့တွင်ရှိသမျှသော အရာတို့ကိုဖန်ဆင်းတော်မူ၏။ကိုယ်တော်သည်သစ္စာတော်ကိုအစဉ်အမြဲ စောင့်တော်မူ၏။
7. ကိုယ်တော်သည်ဖိနှိပ်ညှဉ်းဆဲခြင်းခံရသူ တို့အားမျက်နှာသာပေး၍စီရင်ချက်ချမှတ်တော်မူလျက် ငတ်မွတ်သူတို့ကိုကျွေးမွေးတော်မူ၏။ထာဝရဘုရားသည်အကျဉ်းကျနေသူတို့အား လွတ်မြောက်စေတော်မူ၍
8. မျက်မမြင်တို့အားမျက်စိမြင်စေတော်မူ၏။ လဲကျနေသူအပေါင်းတို့ကိုကူမတော်မူ၏။ကိုယ်တော်သည်ဖြောင့်မတ်သောသူတို့ကို ချစ်တော်မူ၏။
9. ကိုယ်တော်သည်ဣသရေလပြည်တွင်နေ ထိုင်သော တိုင်းတစ်ပါးသားတို့အားကွယ်ကာစောင့်ရှောက်တော်မူ၍မုဆိုးမနှင့် မိဘမဲ့သူတို့ကိုကူမတော်မူ၏။သို့ရာတွင်သူယုတ်မာတို့ကိုမူပျက်စီးဆုံးရှုံး စေတော်မူ၏။
10. ထာဝရဘုရားသည်ထာဝစဉ်ဘုရင် ဖြစ်တော်မူလိမ့်မည်။အို ဇိအုန်မြို့၊သင်၏ဘုရားသည်ကာလ အစဉ်အဆက်စိုးစံတော်မူလိမ့်သတည်း။ထာဝရဘုရားအားထောမနာပြုကြလော့။