ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 144:8-14 Common Language Bible (BCL)

8. ထို​သူ​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မှန်​သော စကား​ကို မ​ပြော​တတ်​ကြ​ပါ။ကျမ်း​ကျိန်​၍​ပြော​ဆို​ရာ​၌​ပင်​လျှင် လိမ်​လည်​တတ်​ကြ​ပါ​၏။

9. အို ဘု​ရား​သ​ခင်၊ကျွန်​တော်​မျိုး​သည်​သီ​ချင်း​သစ်​ကို​ဆို​၍ ကိုယ်​တော်​ရှင်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ပါ​မည်။စောင်း​ကို​တီး​၍​သီ​ချင်း​ဆို​ကာ​ဂုဏ်​တော်​ကို ချီး​မွမ်း​ပါ​မည်။

10. ကိုယ်​တော်​ရှင်​သည်​ဘု​ရင်​တို့​အား​စစ်​ပွဲ​အောင်​ခွင့်​ကို ပေး​တော်​မူ​ပါ​၏။ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ကို ကယ်​ဆယ်​တော်​မူ​ပါ​၏။

11. ရက်​စက်​ကြမ်း​ကြုတ်​သော​ရန်​သူ​များ​၏​လက်​မှ ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။တိုင်း​တစ်​ပါး​သား​တို့​၏​လက်​မှ​ကယ်​ဆယ်​တော် မူ​ပါ။ထို​သူ​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မှန်​သော စ​ကား​ကို​မ​ပြော​တတ်​ကြ​ပါ။ကျမ်း​ကျိန်​၍​ပြော​ဆို​ရာ​၌​ပင်​လျှင် လိမ်​လည်​တတ်​ကြ​ပါ​၏။

12. ကျွန်​တော်​မျိုး​တို့​၏​သား​များ​သည်​အ​သက်ပျို​ရွယ်​ချိန်​၌​သန်​မာ​ကြီး​ထွား​လာ​သော အ​ပင်​ငယ်​များ​ကဲ့​သို့​ဖြစ်​ပါ​စေ​သော။ကျွန်​တော်​မျိုး​တို့​၏​သ​မီး​များ​သည်​နန်း​တော် ထောင့်​များ​တွင်​အ​လှ​စိုက်​ထူ​ထား​သောခန့်​ညား​သည့်​ကျောက်​တိုင်​များ​ကဲ့​သို့​ဖြစ်​ပါ စေ​သော။

13. ကျွန်​တော်​မျိုး​တို့​၏​ကျီ​များ​သည်​အ​သီး​အ​နှံ အ​မျိုး​မျိုး​ဖြင့်​ပြည့်​လျက်​ရှိ​ပါ​စေ​သော။ကွင်း​ပြင်​များ​ရှိ​သိုး​များ​သည်​ထောင်​ပေါင်းများ​စွာ​သော​သိုး​ငယ်​တို့​ကို​မွေး​ဖွား​ကြ ပါ​စေ​သော။

14. ကျွန်​တော်​မျိုး​တို့​၏​နွား​များ​သည်​လည်း​ဇီး​မ​လျှော၊ မ​သေ​မ​ပျောက်​ဘဲ​များ​စွာ​တိုး​ပွား​ကြ​ပါ​စေ​သော။ကျွန်​တော်​မျိုး​တို့​၏​လမ်း​များ​သည်ဒုက္ခ​ရောက်​သူ​တို့​၏​အော်​ဟစ်​ညည်း​တွား​သံ​များ​နှင့် ကင်း​ဝေး​ပါ​စေ​သော။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 144