ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 144:1-10 Common Language Bible (BCL)

1. ငါ့​ကျောက်​တောင်​ဖြစ်​တော်​မူ​သော​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ကိုယ်​တော်​သည်​ငါ့​ကို​တိုက်​ပွဲ​ဝင်​ရန်​အ​တွက် လေ့​ကျင့်​ပေး​တော်​မူ​၏။စစ်​ဆင်​မှု​ကို​သွန်​သင်​ပေး​တော်​မူ​၏။

2. ကိုယ်​တော်​သည်​ငါ့​ကို​ကွယ်​ကာ​ရာ​ငါ့​ခံ​တပ်၊ငါ့​ရဲ​တိုက်၊ငါ​၏​ကယ်​တင်​ရှင်၊ငါ​ကိုး​စား​ရာ ဒိုင်း​လွှား​ဖြစ်​တော်​မူ​၏။ကိုယ်​တော်​သည်​လူ​မျိုး​တ​ကာ​တို့​ကို​ငါ​၏ လက်​အောက်​သို့​ရောက်​စေ​တော်​မူ​၏။

3. အို ထာ​ဝ​ရ​ဘု​ရား၊ လူ​သည်​အ​ဘယ်​သို့​သော​သူ​ဖြစ်​၍ကိုယ်​တော်​ရှင်​သည်​သူ့​ကို​ပ​မာ​ဏ ပြု​တော်​မူ​ရ​ပါ​သ​နည်း။သာ​မန်​လူ​သား​သည်​အ​ဘယ်​သို့​သော​သူ​ဖြစ်​၍ကိုယ်​တော်​ရှင်​သည်​သူ့​ကို​ဂ​ရု​ပြု​တော်​မူ ရ​ပါ​သ​နည်း။

4. လူ​သည်​ထွက်​သက်​ဝင်​သက်​လေ​နှင့်​တူ​ပါ​၏။သူ​၏​အ​သက်​တာ​သည်​လွန်​သွား​တတ်​သော အ​ရိပ်​နှင့်​တူ​ပါ​၏။

5. အို ထာ​ဝ​ရ​ဘု​ရား၊မိုး​ကောင်း​ကင်​ကို​ကွေး​ညွှတ်​စေ​၍​ဆင်း​သက် ကြွ​လာ​တော်​မူ​ပါ။တောင်​ရိုး​များ​ကို​တို့​ထိ​တော်​မူ​ပါ။ ယင်း​တို့​မှ​မီး​ခိုး​ထွက်​ပါ​လိမ့်​မည်။

6. လျှပ်​စစ်​ပြက်​တော်​မူ​၍​ကိုယ်​တော်​၏​ရန်​သူ တို့​ကို က​စဥ့်​က​ရဲ​ဖြစ်​စေ​တော်​မူ​ပါ။ကိုယ်​တော်​ရှင်​၏​လေး​တော်​တို့​ကို​ပစ်​တော်​မူ​၍ သူ​တို့​အား​ထွက်​ပြေး​စေ​တော်​မူ​ပါ။

7. အ​ထက်​ဘုံ​မှ​လက်​တော်​ကို​ဆန့်​တော်​မူ​၍ကျွန်​တော်​မျိုး​အား​ရေ​နက်​ရာ​မှ​ဆွဲ​တင် ကယ်​ဆယ်​တော်​မူ​ပါ။တိုင်း​တစ်​ပါး​သား​တို့​၏​လက်​မှ​ကယ်​တော်​မူ​ပါ။

8. ထို​သူ​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မှန်​သော စကား​ကို မ​ပြော​တတ်​ကြ​ပါ။ကျမ်း​ကျိန်​၍​ပြော​ဆို​ရာ​၌​ပင်​လျှင် လိမ်​လည်​တတ်​ကြ​ပါ​၏။

9. အို ဘု​ရား​သ​ခင်၊ကျွန်​တော်​မျိုး​သည်​သီ​ချင်း​သစ်​ကို​ဆို​၍ ကိုယ်​တော်​ရှင်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ပါ​မည်။စောင်း​ကို​တီး​၍​သီ​ချင်း​ဆို​ကာ​ဂုဏ်​တော်​ကို ချီး​မွမ်း​ပါ​မည်။

10. ကိုယ်​တော်​ရှင်​သည်​ဘု​ရင်​တို့​အား​စစ်​ပွဲ​အောင်​ခွင့်​ကို ပေး​တော်​မူ​ပါ​၏။ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ကို ကယ်​ဆယ်​တော်​မူ​ပါ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 144