ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 141:7-10 Common Language Bible (BCL)

7. ထို​မင်း​တို့​၏​အ​ရိုး​များ​သည်​အ​စိတ်​စိတ် အ​မြွှာ​မြွှာ ခွဲ​စိတ်​ဖြတ်​တောက်​ခြင်း​ခံ​ရ​သော​ထင်း​ကဲ့​သို့သင်္ချိုင်း​တွင်း​ဝ​၌​ပြန့်​ကြဲ​၍​နေ​လိမ့်​မည်။

8. သို့​ရာ​တွင် အို ဘု​ရား​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို ကိုး​စား​မြဲ​ကိုး​စား​ပါ​၏။ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ထံ​တော်​တွင် ခို​လှုံ​ပါ​၏။ကျွန်​တော်​မျိုး​၏​အ​သက်​ကို​ကွယ်​ကာ​တော်​မူ​ပါ။

9. ကျွန်​တော်​မျိုး​အ​တွက်​ထို​သူ​တို့​ထောင်​ထား​သော ထောင်​ချောက်​မှ​လည်းကောင်း၊မ​ကောင်း​မှု​ပြု​သူ​တို့​၏​ကျော့​ကွင်း​မှ​လည်း​ကောင်း ကွယ်​ကာ​တော်​မူ​ပါ။

10. ကျွန်​တော်​မျိုး​သည်​ဘေး​မဲ့​လုံ​ခြုံ​စွာ​ထောင်​ချောက်​ကို ကျော်​သွား​နိုင်​ပါ​စေ​သော။သူ​ယုတ်​မာ​တို့​မူ​ကား​မိ​မိ​တို့​ထောင်​ထား​သော ထောင်​ချောက်​ထဲ​သို့​ကျ​ကြ​ပါ​စေ​သော။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 141