2. ကျွန်တော်မျိုးပြုသမျှသောအမှုတို့ကို သိတော်မူပါ၏။အဝေးကကျွန်တော်မျိုး၏အကြံအစည် ရှိသမျှကိုသိမြင်တော်မူပါ၏။
3. ကျွန်တော်မျိုးသည်အလုပ်လုပ်လျက်နေသည် ဖြစ်စေ၊ နားလျက်နေသည်ဖြစ်စေကိုယ်တော်ရှင်သည်ကျွန်တော်မျိုးကို မြင်တော်မူပါ၏။ကျွန်တော်မျိုးပြုသမျှသောအမှုတို့ကို သိတော်မူပါ၏။
4. ကျွန်တော်မျိုးနှုတ်ကိုမဖွင့်မီ၌ပင်လျှင်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးပြောဆိုမည့် စကားတို့ကိုသိရှိပြီးဖြစ်ပါ၏။
5. ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ရှေ့နောက်တွင် စောင့်ကြပ်လျက်နေတော်မူပါ၏။တန်ခိုးတော်ဖြင့်ကျွန်တော်မျိုးကိုကွယ်ကာ စောင့်ထိန်းတော်မူပါ၏။
6. ကျွန်တော်မျိုး၏အကြောင်းကိုကိုယ်တော်ရှင် သိတော်မူပုံမှာအံ့သြဖွယ်ဖြစ်ပါ၏။ထိုသို့သောအသိဉာဏ်သည်ကျွန်တော်မျိုး နားမလည်နိုင်အောင်နက်နဲလှပါ၏။
7. ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်နှင့်ကင်းဝေးစေရန် အဘယ်အရပ်သို့သွားနိုင်ပါမည်နည်း။ကိုယ်တော်ရှင်၏မျက်မှောက်တော်မှကင်းလွတ် စေရန် အဘယ်အရပ်သို့ထွက်ခွာနိုင်ပါမည်နည်း။
8. အကယ်၍ကျွန်တော်မျိုးသည်ကောင်းကင်သို့တက်လျှင်ထိုအရပ်တွင် ကိုယ်တော်ရှင်ရှိတော်မူပါ၏။အကယ်၍ကျွန်တော်မျိုးသည်မရဏာ နိုင်ငံတွင် လဲလျောင်းလျှင်ထိုအရပ်တွင်ကိုယ်တော်ရှင်ရှိတော်မူပါ၏။
9. အကယ်၍ကျွန်တော်မျိုးသည်နေထွက်ရာ အရပ်သို့ ပျံသွားလျှင်လည်းကောင်း၊နေဝင်ရာအရပ်တွင်နေထိုင်လျှင်လည်းကောင်း
10. ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးကိုရှေ့ဆောင် လမ်းပြတော်မူရန်ထိုအရပ်တွင်ရှိနေတော် မူမည်။ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးကိုကူမတော် မူရန် ထိုအရပ်တွင်ရှိနေတော်မူမည်။
11. အကယ်၍ကျွန်တော်မျိုးသည်မိမိအား ဖုံးလွှမ်းရန် မှောင်မိုက်ကိုလည်းကောင်း၊မိမိ၏ပတ်လည်ရှိအလင်းကိုညဥ့်အဖြစ်သို့ ပြောင်းလဲစေရန်လည်းကောင်းစေခိုင်းလျှင်
12. ကိုယ်တော်၏အတွက်မှောင်မိုက်သည်ပင်လျှင် အမှောင်မဟုတ်ပါ။ညဥ့်သည်လည်းနေ့ကဲ့သို့ထွန်းလင်းပါ၏။ကိုယ်တော်ရှင်၏အဖို့မှာမှောင်မိုက်နှင့်အလင်းသည် အတူတူပင်ဖြစ်ပါ၏။
13. ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ကိုယ်ခန္ဓာ အစိတ်အပိုင်းရှိသမျှတို့ကိုဖန်ဆင်းတော်မူပြီးလျှင်ယင်းတို့ကိုကျွန်တော်မျိုး မိခင်၏ဝမ်းတွင်း၌ဆက်စပ်စေတော်မူ၏။