အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66
  67. 67
  68. 68
  69. 69
  70. 70
  71. 71
  72. 72
  73. 73
  74. 74
  75. 75
  76. 76
  77. 77
  78. 78
  79. 79
  80. 80
  81. 81
  82. 82
  83. 83
  84. 84
  85. 85
  86. 86
  87. 87
  88. 88
  89. 89
  90. 90
  91. 91
  92. 92
  93. 93
  94. 94
  95. 95
  96. 96
  97. 97
  98. 98
  99. 99
  100. 100
  101. 101
  102. 102
  103. 103
  104. 104
  105. 105
  106. 106
  107. 107
  108. 108
  109. 109
  110. 110
  111. 111
  112. 112
  113. 113
  114. 114
  115. 115
  116. 116
  117. 117
  118. 118
  119. 119
  120. 120
  121. 121
  122. 122
  123. 123
  124. 124
  125. 125
  126. 126
  127. 127
  128. 128
  129. 129
  130. 130
  131. 131
  132. 132
  133. 133
  134. 134
  135. 135
  136. 136
  137. 137
  138. 138
  139. 139
  140. 140
  141. 141
  142. 142
  143. 143
  144. 144
  145. 145
  146. 146
  147. 147
  148. 148
  149. 149
  150. 150

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 139 Common Language Bible (BCL)

ဘု​ရား​သ​ခင်​၏​အ​ကြွင်း​မဲ့​သိ​မြင်​တော်​မူ​ပုံ​နှင့် ကြည့်​ရှု​စောင့်​ရှောက်​တော်​မူ​ပုံဒါ​ဝိဒ်​စပ်​ဆို​သော​ဆာ​လံ။

1. အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အားစစ်​ဆေး​ကြည့်​ရှု​တော်​မူ​ပြီး​ဖြစ်​၍​ကျွန်​တော် မျိုး​၏ အ​ကြောင်း​ကို​သိ​တော်​မူ​ပါ​၏။

2. ကျွန်​တော်​မျိုး​ပြု​သ​မျှ​သော​အ​မှု​တို့​ကို သိ​တော်​မူ​ပါ​၏။အ​ဝေး​က​ကျွန်​တော်​မျိုး​၏​အ​ကြံ​အ​စည် ရှိ​သ​မျှ​ကို​သိ​မြင်​တော်​မူ​ပါ​၏။

3. ကျွန်​တော်​မျိုး​သည်​အ​လုပ်​လုပ်​လျက်​နေ​သည် ဖြစ်​စေ၊ နား​လျက်​နေ​သည်​ဖြစ်​စေကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ကို မြင်​တော်​မူ​ပါ​၏။ကျွန်​တော်​မျိုး​ပြု​သ​မျှ​သော​အ​မှု​တို့​ကို သိ​တော်​မူ​ပါ​၏။

4. ကျွန်​တော်​မျိုး​နှုတ်​ကို​မ​ဖွင့်​မီ​၌​ပင်​လျှင်ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ပြော​ဆို​မည့် စ​ကား​တို့​ကို​သိ​ရှိ​ပြီး​ဖြစ်​ပါ​၏။

5. ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ရှေ့​နောက်​တွင် စောင့်​ကြပ်​လျက်​နေ​တော်​မူ​ပါ​၏။တန်​ခိုး​တော်​ဖြင့်​ကျွန်​တော်​မျိုး​ကို​ကွယ်​ကာ စောင့်​ထိန်း​တော်​မူ​ပါ​၏။

6. ကျွန်​တော်​မျိုး​၏​အ​ကြောင်း​ကို​ကိုယ်​တော်​ရှင် သိ​တော်​မူ​ပုံ​မှာ​အံ့​သြ​ဖွယ်​ဖြစ်​ပါ​၏။ထို​သို့​သော​အ​သိ​ဉာဏ်​သည်​ကျွန်​တော်​မျိုး နား​မ​လည်​နိုင်​အောင်​နက်​နဲ​လှ​ပါ​၏။

7. ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​နှင့်​ကင်း​ဝေး​စေ​ရန် အ​ဘယ်​အ​ရပ်​သို့​သွား​နိုင်​ပါ​မည်​နည်း။ကိုယ်​တော်​ရှင်​၏​မျက်​မှောက်​တော်​မှ​ကင်း​လွတ် စေ​ရန် အ​ဘယ်​အ​ရပ်​သို့​ထွက်​ခွာ​နိုင်​ပါ​မည်​နည်း။

8. အ​ကယ်​၍​ကျွန်​တော်​မျိုး​သည်ကောင်း​ကင်​သို့​တက်​လျှင်​ထို​အ​ရပ်​တွင် ကိုယ်​တော်​ရှင်​ရှိ​တော်​မူ​ပါ​၏။အ​ကယ်​၍​ကျွန်​တော်​မျိုး​သည်​မ​ရ​ဏာ နိုင်​ငံ​တွင် လဲ​လျောင်း​လျှင်ထို​အ​ရပ်​တွင်​ကိုယ်​တော်​ရှင်​ရှိ​တော်​မူ​ပါ​၏။

9. အ​ကယ်​၍​ကျွန်​တော်​မျိုး​သည်​နေ​ထွက်​ရာ အ​ရပ်​သို့ ပျံ​သွား​လျှင်​လည်း​ကောင်း၊နေ​ဝင်​ရာ​အ​ရပ်​တွင်​နေ​ထိုင်​လျှင်​လည်း​ကောင်း

10. ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ကို​ရှေ့​ဆောင် လမ်း​ပြ​တော်​မူ​ရန်​ထို​အ​ရပ်​တွင်​ရှိ​နေ​တော် မူ​မည်။ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ကို​ကူ​မ​တော် မူ​ရန် ထို​အ​ရပ်​တွင်​ရှိ​နေ​တော်​မူ​မည်။

11. အ​ကယ်​၍​ကျွန်​တော်​မျိုး​သည်​မိ​မိ​အား ဖုံး​လွှမ်း​ရန် မှောင်​မိုက်​ကို​လည်း​ကောင်း၊မိ​မိ​၏​ပတ်​လည်​ရှိ​အ​လင်း​ကို​ညဥ့်​အ​ဖြစ်​သို့ ပြောင်း​လဲ​စေ​ရန်​လည်း​ကောင်း​စေ​ခိုင်း​လျှင်

12. ကိုယ်​တော်​၏​အ​တွက်​မှောင်​မိုက်​သည်​ပင်​လျှင် အ​မှောင်​မ​ဟုတ်​ပါ။ညဥ့်​သည်​လည်း​နေ့​ကဲ့​သို့​ထွန်း​လင်း​ပါ​၏။ကိုယ်​တော်​ရှင်​၏​အ​ဖို့​မှာ​မှောင်​မိုက်​နှင့်​အ​လင်း​သည် အ​တူ​တူ​ပင်​ဖြစ်​ပါ​၏။

13. ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ကိုယ်​ခန္ဓာ အ​စိတ်​အ​ပိုင်း​ရှိ​သ​မျှ​တို့​ကိုဖန်​ဆင်း​တော်​မူ​ပြီး​လျှင်​ယင်း​တို့​ကို​ကျွန်​တော်​မျိုး မိ​ခင်​၏​ဝမ်း​တွင်း​၌​ဆက်​စပ်​စေ​တော်​မူ​၏။

14. ကိုယ်​တော်​သည်​ကြောက်​ရွံ့​ဖွယ်​ကောင်း​သော​အ​ရှင် ဖြစ်​တော်​မူ​သ​ဖြင့်ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​၏။ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သ​မျှ​သော​အ​မှု အ​ရာ​တို့​သည်ထူး​ဆန်း​အံ့​သြ​ဖွယ်​ကောင်း​ကြောင်း​ကျွန်​တော်​မျိုး အ​သေ​အ​ချာ​သိ​ပါ​၏။

15. ကျွန်​တော်​မျိုး​သည်​မိ​ခင်​၏​ဝမ်း​တွင်​လျှို့​ဝှက်​စွာ ကြီး​ထွား​လာ​ချိန်၊ကျွန်​တော်​မျိုး​၏​အ​ရိုး​တို့​သည်​ဖြစ်​ပေါ်​လာ​လျက် တစ်​ခု​နှင့်​တစ်​ခု​သေ​ချာ​စွာ​ဆက်​စပ်​ကြ​ချိန်​တို့​၌ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​ကို​သိ​မြင်​တော် မူ​ပါ​၏။

16. ကျွန်​တော်​မျိုး​မ​မွေး​မ​ဖွား​မီ​က​ပင်​လျှင်ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ကို သိ​မြင်​တော်​မူ​ပါ​၏။ကျွန်​တော်​မျိုး​အ​တွက်​အ​သက်​ရှင်​ရန်လျာ​ထား​တော်​မူ​သော​နေ့​ရက်​အ​ရေ​အ​တွက် တို့​ကို ကျွန်​တော်​မျိုး​မ​မွေး​မ​ဖွား​မီ​က​ပင်​လျှင်ကိုယ်​တော်​ရှင်​၏​စာ​စောင်​တော်​တွင် ရေး​မှတ်​ထား​တော်​မူ​ပြီး​ဖြစ်​ပါ​၏။

17. အို ဘု​ရား​သ​ခင်၊ကိုယ်​တော်​ရှင်​၏​အ​ကြံ​အ​စည်​တော်​တို့​သည် ကျွန်​တော်​မျိုး​အ​တွက်​ခက်​ခဲ​နက်​နဲ​လှ​ပါ​၏။ယင်း​တို့​သည်​များ​ပြား​လှ​ပါ​သည်​တ​ကား။

18. ထို​အကြံ​အ​စည်​တော်​တို့​ကို​ကျွန်​တော်​မျိုး ရေ​တွက်​ရ​မည်​ဆို​သော်ယင်း​တို့​သည်​သဲ​လုံး​များ​ထက်​များ​ပါ​လိမ့်​မည်။အိပ်​ရာ​မှ​နိုး​ထ​သော​အ​ခါ​၌​ကျွန်​တော်​မျိုး သည် ကိုယ်​တော်​ရှင်​နှင့်​အ​တူ​ရှိ​နေ​ဦး​မည်။

19. အို ဘု​ရား​သ​ခင်၊သူ​ယုတ်​မာ​တို့​အား​ကိုယ်​တော်​ရှင် ကွပ်​မျက်​တော်​မူ​ပါ​စေ​သော။အ​ကြမ်း​ဖက်​သ​မား​တို့​သည်​ကျွန်​တော်​မျိုး​ထံ​မှ ထွက်​သွား​စေ​တော်​မူ​ပါ။

20. သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​အ​ကြောင်း​တော်​ကို ယုတ်​မာ​စွာ​ပြော​ဆို​ကြ​ပါ​၏။ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​ကို​ပုတ်​ခတ် ပြော​ဆို​ကြ​ပါ​၏။

21. အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​ကို​ပုန်​ကန်​သူ​တို့​အား ကျွန်​တော်​မျိုး​လွန်​စွာ​စက်​ဆုပ်​ပါ​၏။

22. ကျွန်​တော်​မျိုး​သည်​သူ​တို့​ကို​စိတ်​နှ​လုံး အ​ကြွင်း​မဲ့ မုန်း​ပါ​၏။သူ​တို့​အား​ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​ကဲ့​သို့ မှတ်​ပါ​၏။

23. အို ဘု​ရား​သ​ခင်၊ကျွန်​တော်​မျိုး​ကို​စစ်​ဆေး​တော်​မူ​၍​ကျွန်​တော်​မျိုး​၏ စိတ်​နှ​လုံး​ကို​သိ​မှတ်​တော်​မူ​ပါ။ကျွန်​တော်​မျိုး​ကို​စစ်​ကြော​တော်​မူ​၍​ကျွန်​တော်​မျိုး​၏ အ​ကြံ​အ​စည်​များ​ကို​သိ​မှတ်​တော်​မူ​ပါ။

24. ကျွန်​တော်​မျိုး​သည်​ဆိုး​သွမ်း​သော​လမ်း​သို့လိုက်​သည်​မ​လိုက်​သည်​ကို​စစ်​ဆေး​တော်​မူ​၍ ထာ​ဝ​ရ​လမ်း​ထဲ​သို့​ပို့​ဆောင်​တော်​မူ​ပါ။