ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 136:8-20 Common Language Bible (BCL)

8. နေ​ကို​ဖန်​ဆင်း​တော်​မူ​သည်​မှာ​နေ့​ကို အုပ်​စိုး​စေ​ရန်​ဖြစ်​၏။ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။

9. လ​နှင့်​ကြယ်​များ​ကို​ဖန်​ဆင်း​တော်​မူ​သည်​မှာ ညဥ့်​ကို​အုပ်​စိုး​စေ​ရန်​ဖြစ်​၏။ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။

10. ကိုယ်​တော်​သည်​အီ​ဂျစ်​အ​မျိုး​သား​များ​၏ သား​ဦး​တို့​ကို​သေ​စေ​တော်​မူ​၏။ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။

11. ကိုယ်​တော်​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​တော်​မူ​၏။ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။

12. ယင်း​သို့​ထုတ်​ဆောင်​တော်​မူ​သည်​မှာ​ခွန်​အား ကြီး​မား​သည့်​လက်​တော်​အား​ဖြင့်​လည်း​ကောင်း၊တန်​ခိုး​ကြီး​မား​သည့်​လက်​ရုံး​တော် အား​ဖြင့်​လည်း​ကောင်း​ဖြစ်​ပေ​သည်။ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။

13. ကိုယ်​တော်​သည်​ပင်​လယ်​နီ​ကို​နှစ်​ပိုင်း​ကွဲ​စေ တော်​မူ​၏။ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။

14. ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​အား​ထို​ပင်​လယ်​ကို ဖြတ်​၍​ခေါ်​ဆောင်​သွား​တော်​မူ​၏။ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။

15. ကိုယ်​တော်​သည်​ဖာ​ရော​ဘု​ရင်​နှင့်​သူ​၏​တပ်​မ​တော်​ကို ရေ​နစ်​သေ​ဆုံး​စေ​တော်​မူ​၏။ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။

16. ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​အား တော​ကန္တာ​ရ​ကို​ဖြတ်​၍​လမ်း​ပြ​ပို့​ဆောင်​တော် မူ​၏။ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။

17. ကိုယ်​တော်​သည်​ဘုန်း​ကြီး​သော​ဘု​ရင်​တို့​ကို ကွပ်​မျက်​တော်​မူ​၏။ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။

18. ကိုယ်​တော်​သည်​ကျော်​စော​သော​ဘု​ရင်​တို့​ကို ကွပ်​မျက်​တော်​မူ​၏။ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။

19. အာ​မော​ရိ​ပြည်​ဘု​ရင်​ရှိ​ဟုန်​မင်း​ကို ကွပ်​မျက်​တော်​မူ​၏။ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။

20. ဗာ​ရှန်​ပြည်​ဘု​ရင်​သြ​ဃ​မင်း​ကို​လည်း ကွပ်​မျက်​တော်​မူ​၏။ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 136