5. ကိုယ်တော်သည်ဉာဏ်ပညာတော်အားဖြင့် မိုးကောင်းကင်ကိုဖန်ဆင်းတော်မူ၏။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
6. ကိုယ်တော်သည်ကမ္ဘာမြေကြီးကိုသမုဒ္ဒရာ ပေါ်တွင် တည်ဆောက်တော်မူ၏။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
7. ကိုယ်တော်သည်နေနှင့်လကိုဖန်ဆင်းတော်မူ၏။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
8. နေကိုဖန်ဆင်းတော်မူသည်မှာနေ့ကို အုပ်စိုးစေရန်ဖြစ်၏။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
9. လနှင့်ကြယ်များကိုဖန်ဆင်းတော်မူသည်မှာ ညဥ့်ကိုအုပ်စိုးစေရန်ဖြစ်၏။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။