5. ကိုယ်တော်သည်ဉာဏ်ပညာတော်အားဖြင့် မိုးကောင်းကင်ကိုဖန်ဆင်းတော်မူ၏။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
6. ကိုယ်တော်သည်ကမ္ဘာမြေကြီးကိုသမုဒ္ဒရာ ပေါ်တွင် တည်ဆောက်တော်မူ၏။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
7. ကိုယ်တော်သည်နေနှင့်လကိုဖန်ဆင်းတော်မူ၏။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
8. နေကိုဖန်ဆင်းတော်မူသည်မှာနေ့ကို အုပ်စိုးစေရန်ဖြစ်၏။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
9. လနှင့်ကြယ်များကိုဖန်ဆင်းတော်မူသည်မှာ ညဥ့်ကိုအုပ်စိုးစေရန်ဖြစ်၏။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
10. ကိုယ်တော်သည်အီဂျစ်အမျိုးသားများ၏ သားဦးတို့ကိုသေစေတော်မူ၏။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
11. ကိုယ်တော်သည်ဣသရေလအမျိုးသားတို့အား အီဂျစ်ပြည်မှထုတ်ဆောင်တော်မူ၏။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
12. ယင်းသို့ထုတ်ဆောင်တော်မူသည်မှာခွန်အား ကြီးမားသည့်လက်တော်အားဖြင့်လည်းကောင်း၊တန်ခိုးကြီးမားသည့်လက်ရုံးတော် အားဖြင့်လည်းကောင်းဖြစ်ပေသည်။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
13. ကိုယ်တော်သည်ပင်လယ်နီကိုနှစ်ပိုင်းကွဲစေ တော်မူ၏။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
14. ကိုယ်တော်သည်မိမိ၏လူစုတော်အားထိုပင်လယ်ကို ဖြတ်၍ခေါ်ဆောင်သွားတော်မူ၏။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
15. ကိုယ်တော်သည်ဖာရောဘုရင်နှင့်သူ၏တပ်မတော်ကို ရေနစ်သေဆုံးစေတော်မူ၏။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။