1. ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသဖြင့်ကျေးဇူးတော်ကိုချီးမွမ်းကြလော့။
2. ဘုရားရှိသမျှတို့ထက်ကြီးမြတ်တော်မူသော အရှင်၏ကျေးဇူးကိုချီးမွမ်းကြလော့။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
3. အရှင်သခင်ရှိသမျှတို့ထက်တန်ခိုးကြီးတော်မူသောအရှင်၏ ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
4. ကိုယ်တော်တစ်ပါးတည်းသာလျှင်အလွန် ထူးဆန်းသော နိမိတ်လက္ခဏာတို့ကိုပြတော်မူ၏။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
5. ကိုယ်တော်သည်ဉာဏ်ပညာတော်အားဖြင့် မိုးကောင်းကင်ကိုဖန်ဆင်းတော်မူ၏။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
6. ကိုယ်တော်သည်ကမ္ဘာမြေကြီးကိုသမုဒ္ဒရာ ပေါ်တွင် တည်ဆောက်တော်မူ၏။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
7. ကိုယ်တော်သည်နေနှင့်လကိုဖန်ဆင်းတော်မူ၏။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
8. နေကိုဖန်ဆင်းတော်မူသည်မှာနေ့ကို အုပ်စိုးစေရန်ဖြစ်၏။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
9. လနှင့်ကြယ်များကိုဖန်ဆင်းတော်မူသည်မှာ ညဥ့်ကိုအုပ်စိုးစေရန်ဖြစ်၏။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
10. ကိုယ်တော်သည်အီဂျစ်အမျိုးသားများ၏ သားဦးတို့ကိုသေစေတော်မူ၏။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
11. ကိုယ်တော်သည်ဣသရေလအမျိုးသားတို့အား အီဂျစ်ပြည်မှထုတ်ဆောင်တော်မူ၏။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
12. ယင်းသို့ထုတ်ဆောင်တော်မူသည်မှာခွန်အား ကြီးမားသည့်လက်တော်အားဖြင့်လည်းကောင်း၊တန်ခိုးကြီးမားသည့်လက်ရုံးတော် အားဖြင့်လည်းကောင်းဖြစ်ပေသည်။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
13. ကိုယ်တော်သည်ပင်လယ်နီကိုနှစ်ပိုင်းကွဲစေ တော်မူ၏။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
14. ကိုယ်တော်သည်မိမိ၏လူစုတော်အားထိုပင်လယ်ကို ဖြတ်၍ခေါ်ဆောင်သွားတော်မူ၏။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
15. ကိုယ်တော်သည်ဖာရောဘုရင်နှင့်သူ၏တပ်မတော်ကို ရေနစ်သေဆုံးစေတော်မူ၏။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
16. ကိုယ်တော်သည်မိမိ၏လူစုတော်အား တောကန္တာရကိုဖြတ်၍လမ်းပြပို့ဆောင်တော် မူ၏။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
17. ကိုယ်တော်သည်ဘုန်းကြီးသောဘုရင်တို့ကို ကွပ်မျက်တော်မူ၏။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
18. ကိုယ်တော်သည်ကျော်စောသောဘုရင်တို့ကို ကွပ်မျက်တော်မူ၏။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
19. အာမောရိပြည်ဘုရင်ရှိဟုန်မင်းကို ကွပ်မျက်တော်မူ၏။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
20. ဗာရှန်ပြည်ဘုရင်သြဃမင်းကိုလည်း ကွပ်မျက်တော်မူ၏။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
21. ကိုယ်တော်သည်သူတို့၏ပြည်နယ်များကို မိမိ၏လူစုတော်အားပေးတော်မူ၏။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
22. ထိုပြည်နယ်များကိုကိုယ်တော်သည်မိမိ၏ အစေခံဣသရေလအားပေးတော်မူ၏။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
23. ငါတို့အရေးရှုံးနိမ့်ကြသောအခါကိုယ်တော်သည် ငါတို့အားမေ့လျော့တော်မမူ။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
24. ကိုယ်တော်သည်ငါတို့အားရန်သူတို့၏လက်မှ လွတ်မြောက်စေတော်မူ၏။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
25. ကိုယ်တော်သည်ခပ်သိမ်းသောသတ္တဝါတို့အား အစားအစာများကိုပေးတော်မူ၏။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
26. ကောင်းကင်ဘုံရှင်ဘုရားသခင်၏ကျေးဇူး တော်ကို ချီးမွမ်းကြလော့။ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။