ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 132:13-17 Common Language Bible (BCL)

13. ထာ​ဝ​ရ​ဘု​ရား​သည်​ဇိ​အုန်​မြို့​ကို​ရွေး​ချယ် တော်​မူ​ပြီ။ကိုယ်​တော်​သည်​ထို​မြို့​တွင်​ကျိန်း​ဝပ်​တော်​မူ​ရန် အ​လို​တော်​ရှိ​သည်။

14. ``ဤ​မြို့​တွင်​ထာ​ဝ​စဉ်​ငါ​ကိန်း​ဝပ်​တော်​မူ​မည်။ ဤ​မြို့​တွင်​ငါ​စိုး​စံ​ရန်​အ​လို​ရှိ​တော်​မူ​သည်။

15. ငါ​သည်​ဇိ​အုန်​မြို့​ကို​လို​လေ​သေး​မ​ရှိ​အောင် အ​စာ​ရေ​စာ​ပေါ​များ​သော​မြို့​ဖြစ်​စေ​မည်။ဤ​မြို့​မှ​ဆင်း​ရဲ​သူ​တို့​အား​ဝ​အောင်​ကျွေး​မွေး မည်။

16. ဤ​မြို့​မှ​ယဇ်​ပု​ရော​ဟိတ်​တို့​ဆောင်​ရွက်​လေ​သ​မျှ တို့​ကို ကောင်း​ချီး​ပေး​မည်။မြို့​သူ​မြို့​သား​တို့​သည်​လည်း​သီ​ချင်း​ဆို​လျက် ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ကြွေး​ကြော်​ကြ​လိမ့်​မည်။

17. ငါ​သည်​ဤ​မြို့​တွင်​ဒါ​ဝိဒ်​၏​သား​မြေး​တစ်​ဦး​ကို ကြီး​မြတ်​သည့်​ဘု​ရင်​အ​ဖြစ်​ဖြင့်​ခန့်​ထား​မည်။ဤ​မြို့​တွင်​ငါ​ရွေး​ချယ်​သည့်​ဘု​ရင်​၏​အာ​ဏာ စက်​ကို တည်​စေ​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 132