11-12. ကိုယ်တော်ရှင်က``ငါသည်သင်၏သားတစ်ဦးဦးကို ဘုရင်အရာ၌ခန့်ထားမည်။သူသည်သင်၏အရိုက်အရာကိုဆက်ခံရလိမ့်မည်။အကယ်၍သင်၏သားတို့သည်ငါ၏ပဋိညာဉ်တော်ကိုစောင့်ထိန်း၍ငါပေးသည့်သြဝါဒများကို လိုက်နာကျင့်သုံးကြပါမူ၊သူ၏သားတို့သည်လည်းသင်၏အရိုက်အရာကို ဆက်ခံကာဘုရင်များအဖြစ်ဖြင့်အစဉ်အမြဲအုပ်စိုးရကြလိမ့်မည်'' ဟုကိုယ်တော်ရှင်၏အစေခံဒါဝိဒ်အားကျိန်ဆို ကတိပြုတော်မူခဲ့ပါ၏။ကိုယ်တော်ရှင်သည်ယင်းကတိတော်ကိုပြန်လည် ရုပ်သိမ်းတော်မူမည်မဟုတ်ပါ။
13. ထာဝရဘုရားသည်ဇိအုန်မြို့ကိုရွေးချယ် တော်မူပြီ။ကိုယ်တော်သည်ထိုမြို့တွင်ကျိန်းဝပ်တော်မူရန် အလိုတော်ရှိသည်။
14. ``ဤမြို့တွင်ထာဝစဉ်ငါကိန်းဝပ်တော်မူမည်။ ဤမြို့တွင်ငါစိုးစံရန်အလိုရှိတော်မူသည်။
15. ငါသည်ဇိအုန်မြို့ကိုလိုလေသေးမရှိအောင် အစာရေစာပေါများသောမြို့ဖြစ်စေမည်။ဤမြို့မှဆင်းရဲသူတို့အားဝအောင်ကျွေးမွေး မည်။
16. ဤမြို့မှယဇ်ပုရောဟိတ်တို့ဆောင်ရွက်လေသမျှ တို့ကို ကောင်းချီးပေးမည်။မြို့သူမြို့သားတို့သည်လည်းသီချင်းဆိုလျက် ဝမ်းမြောက်ရွှင်လန်းစွာကြွေးကြော်ကြလိမ့်မည်။
17. ငါသည်ဤမြို့တွင်ဒါဝိဒ်၏သားမြေးတစ်ဦးကို ကြီးမြတ်သည့်ဘုရင်အဖြစ်ဖြင့်ခန့်ထားမည်။ဤမြို့တွင်ငါရွေးချယ်သည့်ဘုရင်၏အာဏာ စက်ကို တည်စေမည်။
18. သူ၏ရန်သူတို့ကိုအရှက်ကွဲစေမည်။သူ၏နိုင်ငံမူကားစည်ပင်သာယာဖွံ့ဖြိုး တိုးတက်လိမ့်မည်'' ဟုမိန့်တော်မူ၏။