ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 132:1-14 Common Language Bible (BCL)

1. အို ထာ​ဝ​ရ​ဘု​ရား၊ဒါ​ဝိဒ်​မင်း​နှင့်​သူ​ခံ​ခဲ့​ရ​သ​မျှ​သော​ဆင်း​ရဲ ဒုက္ခ​တို့​ကို​သ​တိ​ရ​တော်​မူ​ပါ။

2-5. အို ထာ​ဝ​ရ​ဘု​ရား၊ဒါ​ဝိဒ်​က``ကျွန်​တော်​မျိုး​သည်​ထာ​ဝ​ရ​ဘု​ရား ကိန်း​ဝပ်​တော်​မူ​ရန်​ဌာ​န​တော်​ကို​လည်း​ကောင်း၊ယာ​ကုပ်​ကိုး​ကွယ်​သော​တန်​ခိုး​ကြီး​သည့် ဘု​ရား​သ​ခင်​အ​တွက်​အိမ်​တော်​ကို​လည်း ကောင်းဆောက်​လုပ်​၍​မ​ပြီး​သေး​သ​မျှ​ကာ​လ​ပတ်​လုံး နား​နေ​အိပ်​စက်​မှု​ကို​ပြု​မည်​မ​ဟုတ်​ပါ။အိမ်​ကို​လည်း​မ​ပြန်။ အိပ်​ရာ​ထဲ​သို့​လည်း ဝင်​မည်​မ​ဟုတ်'' ဟုယာ​ကုပ်​ကိုး​ကွယ်​သော​တန်​ခိုး​ကြီး​သည့်ဘု​ရား​သ​ခင်​အား​ပြု​သော​သစ္စာ​က​တိ​ကို သ​တိ​ရ​တော်​မူ​၏။

6. ဗက်​လင်​မြို့​တွင်​ပ​ဋိ​ညာဉ်​သေတ္တာ​တော် အ​ကြောင်း​ကိုငါ​တို့​ကြား​သိ​ကြ​၍​ယင်း​သေတ္တာ​တော်​ကို ယာ​ရိမ်​ကွင်း​၌​တွေ့​ရှိ​ရ​ကြ​၏။

7. ``ငါ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အိမ်​တော်​သို့ သွား​ကြ​ကုန်​အံ့။ပလ္လင်​တော်​ရှေ့​တွင်​ကိုယ်​တော်​ကို​ဝတ်​ပြု ကိုး​ကွယ်​ကြ​ကုန်​အံ့'' ဟု​ငါ​တို့​ဆို​ကြ​၏။

8. အို ထာ​ဝ​ရ​ဘု​ရား၊ တန်​ခိုး​တော်​၏​အ​မှတ်​လက္ခ​ဏာ​ဖြစ်​သည့်ပ​ဋိ​ညာဉ်​သေတ္တာ​တော်​နှင့်​အ​တူ​ဗိ​မာန်​တော်​သို့ ကြွ​လာ​တော်​မူ​၏။

9. ကိုယ်​တော်​ရှင်​၏​ယဇ်​ပု​ရော​ဟိတ်​တို့​သည် မှန်​ကန်​ရာ​ကို အ​မြဲ​ပြု​ကျင့်​နိုင်​ကြ​ပါ​စေ​သော။ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​သည်​ဝမ်း​မြောက် ရွှင်​လန်း​စွာ​ကြွေး​ကြော်​ကြ​ပါ​စေ​သော။

10. အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အား​ပေး​တော်​မူ​သည့် က​တိ​တော်​ကို​ထောက်​၍ကိုယ်​တော်​ရွေး​ချယ်​တော်​မူ​သည့်​ဘု​ရင်​ကို ပစ်​ပယ်​တော်​မ​မူ​ပါ​နှင့်။

11-12. ကိုယ်​တော်​ရှင်​က``ငါ​သည်​သင်​၏​သား​တစ်​ဦး​ဦး​ကို ဘု​ရင်​အ​ရာ​၌​ခန့်​ထား​မည်။သူ​သည်​သင်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​ရ​လိမ့်​မည်။အ​ကယ်​၍​သင်​၏​သား​တို့​သည်​ငါ​၏​ပ​ဋိ​ညာဉ်​တော်​ကိုစောင့်​ထိန်း​၍​ငါ​ပေး​သည့်​သြ​ဝါ​ဒ​များ​ကို လိုက်​နာ​ကျင့်​သုံး​ကြ​ပါ​မူ၊သူ​၏​သား​တို့​သည်​လည်း​သင်​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​ကာ​ဘု​ရင်​များ​အ​ဖြစ်​ဖြင့်အ​စဉ်​အ​မြဲ​အုပ်​စိုး​ရ​ကြ​လိမ့်​မည်'' ဟုကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အား​ကျိန်​ဆို က​တိ​ပြု​တော်​မူ​ခဲ့​ပါ​၏။ကိုယ်​တော်​ရှင်​သည်​ယင်း​က​တိ​တော်​ကို​ပြန်​လည် ရုပ်​သိမ်း​တော်​မူ​မည်​မဟုတ်​ပါ။

13. ထာ​ဝ​ရ​ဘု​ရား​သည်​ဇိ​အုန်​မြို့​ကို​ရွေး​ချယ် တော်​မူ​ပြီ။ကိုယ်​တော်​သည်​ထို​မြို့​တွင်​ကျိန်း​ဝပ်​တော်​မူ​ရန် အ​လို​တော်​ရှိ​သည်။

14. ``ဤ​မြို့​တွင်​ထာ​ဝ​စဉ်​ငါ​ကိန်း​ဝပ်​တော်​မူ​မည်။ ဤ​မြို့​တွင်​ငါ​စိုး​စံ​ရန်​အ​လို​ရှိ​တော်​မူ​သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 132