ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 13:1-4 Common Language Bible (BCL)

1. အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အားအ​ဘယ်​ကာ​လ​တိုင်​အောင်​မေ့​လျော့​၍ နေ​တော်​မူ​ပါ​မည်​နည်း။ထာ​ဝ​စဉ်​မေ့​လျော့​၍​နေ​တော်​မူ​မည်​လော။အ​ဘယ်​ကာ​လ​တိုင်​အောင်​မျက်​နှာ​တော်​ကို လွှဲ​တော်​မူ​ပါ​မည်​နည်း။

2. ကျွန်​တော်​မျိုး​သည်​အ​ဘယ်​ကာ​လ​တိုင်​အောင် ဒုက္ခ​ခံ​ရ​ပါ​မည်​နည်း။အ​ဘယ်​ကာ​လ​တိုင်​အောင်​နေ့​ရော​ည​ပါ ဝမ်း​နည်း​ကြေ​ကွဲ​လျက်​နေ​ရ​ပါ​မည်​နည်း။ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​သည်အ​ဘယ်​ကာ​လ​တိုင်​အောင်​ကျွန်​တော်​မျိုး​အ​ပေါ်​တွင် အ​နိုင်​ရ​ကြ​ပါ​မည်​နည်း။

3. ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​ခေါ်​သော​အ​ခါ​ကြည့်​တော်​မူ​၍ ထူး​တော်​မူ​ပါ။ကျွန်​တော်​မျိုး​ကို​ပြန်​လည်​၍​ခွန်​အား​ဖြင့် ပြည့်​ဝ​စေ​တော်​မူ​ပါ။ကျွန်​တော်​မျိုး​အား​သေ​စေ​တော်​မ​မူ​ပါ​နှင့်။

4. ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​သည်``ငါ​တို့​သူ့​ကို​အ​နိုင်​ရ​ပြီ'' ဟူ​၍ ပြော​ဆို​နိုင်​ခွင့်​ကို​ပေး​တော်​မ​မူ​ပါ​နှင့်။သူ​တို့​အား​ကျွန်​တော်​မျိုး​၏​ပြို​လဲ​မှု​ကြောင့် ဝမ်း​မြောက်​နိုင်​ခွင့်​ကို​ပေး​တော်​မ​မူ​ပါ​နှင့်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 13