ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 127:1-5 Common Language Bible (BCL)

1. အ​ကယ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​အိမ်​ကိုဆောက်​တော်​မ​မူ​လျှင်​ဆောက်​လုပ်​သူ​တို့​၏ လုပ်​ဆောင်​ချက်​သည်​အ​ချည်း​နှီး​ဖြစ်​၏။ထာ​ဝ​ရ​ဘု​ရား​သည်​မြို့​ကို​စောင့်​တော်​မ​မူ လျှင်ကင်း​စောင့်​တို့​၏​စောင့်​ကြပ်​မှု​သည်​အ​ချည်း​နှီး​ဖြစ်​၏။

2. အ​သက်​မွေး​ဝမ်း​ကျောင်း​မှု​အ​တွက် နံ​နက်​စော​စော​ထ​၍ညဥ့်​နက်​သည်​တိုင်​အောင်​ပင်​ပန်း​စွာ​အ​လုပ် လုပ်​ရ​ခြင်း​သည်​အ​ချည်း​နှီး​ဖြစ်​၏။အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ချစ်​တော်​မူ​သော​သူ​တို့​အိပ်​စက်​နေ​စဉ်သူ​တို့​လို​အပ်​သော​အ​ရာ​များ​ကို ပေး​သ​နား​တော်​မူ​သော​ကြောင့်​ဖြစ်​၏။

3. သား​သ​မီး​များ​သည်​ထာ​ဝ​ရ​ဘု​ရား​ပေး သော ဆု​လာဘ်​များ​ဖြစ်​ကြ​၏။သူ​တို့​သည်​ကောင်း​ချီး​မင်္ဂလာ​အ​စစ်​အ​မှန် ဖြစ်​ကြ​၏။

4. အ​သက်​ပျို​ရွယ်​စဉ်​အ​ခါ​ရ​သောသား​သ​မီး​များ​သည်​စစ်​သူ​ရဲ​၏​လက်​တွင်​ရှိ​သော မြား​များ​နှင့်​တူ​ကြ​၏။

5. ဤ​သို့​သော​မြား​မြောက်​မြား​စွာ​ရှိ​သူ​သည် မင်္ဂလာ​ရှိ​၏။သူ​သည်​ရန်​သူ​များ​နှင့်​တ​ရား​ရုံး​တွင် ရင်​ဆိုင်​သော​အ​ခါ​အ​ရေး​ရှုံး​နိမ့်​လိမ့်​မည် မ​ဟုတ်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 127