1. ငါသည်တောင်ရိုးများသို့မျှော်ကြည့်၏။အဘယ်မှကူညီမစမှုကိုငါရပါမည်နည်း။
2. ကောင်းကင်နှင့်ကမ္ဘာမြေကြီးကိုဖန်ဆင်းတော် မူသော ထာဝရဘုရား၏ထံတော်မှရပါလိမ့်မည်။
3. ကိုယ်တော်သည်သင့်အားခြေချော်၍ လဲစေတော်မူလိမ့်မည်မဟုတ်။သင့်ကိုကွယ်ကာစောင့်ရှောက်တော်မူသော အရှင်သည်အိပ်တော်မမူ။
4. ဣသရေလအမျိုးသားတို့ကိုကွယ်ကာ စောင့်ရှောက်တော်မူသောအရှင်သည်အဘယ်အခါ၌မျှငိုက်မျည်းအိပ်စက်ခြင်း ရှိတော်မမူ။
5. ထာဝရဘုရားသည်သင့်ကိုစောင့်ကြပ်တော် မူလိမ့်မည်။ကိုယ်တော်သည်သင်၏အနီးတွင်ရှိသောသင့်ကို ကွယ်ကာရာအရိပ်ဖြစ်တော်မူ၏။
6. နေသည်နေ့အခါ၌လည်းကောင်း၊လသည်ညဥ့်အခါ၌လည်းကောင်း သင့်ကိုဥပဒ်ပေးလိမ့်မည်မဟုတ်။
7. ထာဝရဘုရားသည်ဘေးအန္တရာယ်အပေါင်း တို့မှ သင့်ကိုကွယ်ကာတော်မူလိမ့်မည်။သင့်ကိုဘေးမဲ့လုံခြုံစွာထားတော်မူလိမ့်မည်။
8. ကိုယ်တော်သည်ယခုမှစ၍ကာလအစဉ်မပြတ်သင်သွားလာလေရာတို့၌သင့်အား ကွယ်ကာစောင့်ရှောက်တော်မူလိမ့်မည်။