ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 115:13-18 Common Language Bible (BCL)

13. ကိုယ်​တော်​သည်​မိ​မိ​အား​ကြောက်​ရွံ့​ရို​သေ​သူအ​ပေါင်း​တို့​အား​ယုတ်​မြတ်​မ​ရွေး​ကောင်း​ချီး ပေး​တော်​မူ​လိမ့်​မည်။

14. ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​နှင့်သင်​တို့​၏​သား​မြေး​တို့​အား​သား​သ​မီး​များ​ကို ပေး​တော်​မူ​ပါ​စေ​သော။

15. ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ​ကြီး​ကို​ဖန်​ဆင်း​တော် မူ​သောထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ကောင်း​ချီး​ပေး တော်​မူ​ပါ​စေ​သော။

16. ကောင်း​ကင်​ကို​ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း သာ​လျှင် ပိုင်​တော်​မူ​၏။ကမ္ဘာ​မြေ​ကြီး​ကို​မူ​ကား​လူ​သား​တို့​အား ပေး​တော်​မူ​၏။

17. သေ​လွန်​ကြ​သူ၊ဆိတ်​ငြိမ်​ရာ​သို့သက်​ဆင်း​ကြ​သူ​များ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ထော​မ​နာ​မ​ပြု​ကြ။

18. သို့​ရာ​တွင်​အ​သက်​ရှင်​နေ​သူ​ငါ​တို့​မူ​ကားယ​ခု​မှ​စ​၍​အ​စဉ်​အ​ဆက်​ကိုယ်​တော်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ပါ​မည်။ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 115