6. သူတော်ကောင်းသည်အဘယ်အခါ၌မျှ ဆုံးရှုံးရလိမ့်မည်မဟုတ်။လူတို့သည်သူ့အားအဘယ်အခါ၌မျှ မေ့လျော့ကြလိမ့်မည်မဟုတ်။
7. သို့ဖြစ်၍သူသည်သတင်းဆိုးကိုကြားရန် မကြောက်ရ။သူသည်ထာဝရဘုရားကိုယုံကြည်ကိုးစားသူဖြစ်သဖြင့်သူ၏စိတ်နှလုံး သည် တည်ကြည်ခိုင်မြဲပေသည်။
8. သူသည်စိုးရိမ်ပူပန်မှုနှင့်သော်လည်းကောင်း၊ ကြောက်လန့်မှုနှင့်သော်လည်းကောင်းကင်း၏။မိမိ၏ရန်သူများအရေးရှုံးနိမ့်သည်ကိုမုချ တွေ့မြင်ရလိမ့်မည်။
9. သူသည်ချို့တဲ့နွမ်းပါးသူတို့ကိုရက်ရောစွာ ပေးကမ်းတတ်၏။သူသည်အစဉ်သနားကြင်နာတတ်၏။သူသည်တန်ခိုးကြီး၍ရိုသေလေးစားမှုကို ခံရလိမ့်မည်။
10. သူယုတ်မာတို့သည်ဤအခြင်းအရာကိုမြင်သောအခါဒေါသထွက်၍အံသွားခဲ ကြိတ်လျက် ပျောက်ကွယ်သွားကြလိမ့်မည်။သူတို့၏အလိုဆန္ဒသည်ပျက်ပြားရလိမ့်မည်။