ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 112:1-8 Common Language Bible (BCL)

1. ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ​ပြု​ကြ​လော့။ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​၍ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​ရန် အ​ထူး​နှစ်​သက်​သူ​သည်​မင်္ဂ​လာ​ရှိ​၏။

2. ထို​သူ​၏​သား​သ​မီး​တို့​သည်​တိုင်း​ပြည်​တွင် တန်​ခိုး​အာ​ဏာ​ရှိ​ကြ​လိမ့်​မည်။သူ​၏​သား​မြေး​တို့​သည်​ကောင်း​ချီး ခံ​စား​ရ​ကြ​လိမ့်​မည်။

3. သူ​၏​အိမ်​ထောင်​စု​သား​တို့​သည်​ချမ်း​သာ ကြွယ်​ဝ​လိမ့်​မည်။သူ​သည်​အ​စဉ်​အ​မြဲ​ကောင်း​စား​လိမ့်​မည်။

4. သ​နား​ကြင်​နာ​တတ်​၍​က​ရု​ဏာ​နှင့်​ပြည့်​ဝ လျက် တ​ရား​မျှ​တ​သော​သူ​တော်​ကောင်း​တို့​အ​တွက်အ​မှောင်​ထဲ​၌​အ​လင်း​ရောင်​ပေါ်​ထွန်း​တတ်​၏။

5. ရက်​ရော​စွာ​ချေး​ငှား​တတ်​သော​မိ​မိ​အ​လုပ် တွင် ရိုး​သား​စွာ​ပြု​မူ​တတ်​သော​သူ​သည်​မင်္ဂ​လာ ရှိ​၏။

6. သူ​တော်​ကောင်း​သည်​အ​ဘယ်​အ​ခါ​၌​မျှ ဆုံး​ရှုံး​ရ​လိမ့်​မည်​မ​ဟုတ်။လူ​တို့​သည်​သူ့​အား​အ​ဘယ်​အ​ခါ​၌​မျှ မေ့​လျော့​ကြ​လိမ့်​မည်​မ​ဟုတ်။

7. သို့​ဖြစ်​၍​သူ​သည်​သ​တင်း​ဆိုး​ကို​ကြား​ရန် မ​ကြောက်​ရ။သူ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ယုံ​ကြည်ကိုး​စား​သူ​ဖြစ်​သ​ဖြင့်​သူ​၏​စိတ်​နှ​လုံး သည် တည်​ကြည်​ခိုင်​မြဲ​ပေ​သည်။

8. သူ​သည်​စိုး​ရိမ်​ပူ​ပန်​မှု​နှင့်​သော်​လည်း​ကောင်း၊ ကြောက်​လန့်​မှု​နှင့်​သော်​လည်း​ကောင်း​ကင်း​၏။မိ​မိ​၏​ရန်​သူ​များ​အ​ရေး​ရှုံး​နိမ့်​သည်​ကို​မု​ချ တွေ့​မြင်​ရ​လိမ့်​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 112