ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 109:20-29 Common Language Bible (BCL)

20. အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​အ​ကြောင်း​ဆိုး​ရွား​သည့်သ​တင်း​ကို​လွှင့်​သူ​ကျွန်​တော်​မျိုး​၏​ရန်​သူ​တို့ အား ဤ​နည်း​အ​တိုင်း​အ​ပြစ်​ပေး​တော်​မူ​ပါ။

21. သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်၊ကိုယ်​တော်​ရှင်​က​တိ​တော်​ရှိ​သည်​အ​တိုင်း ကျွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။ကိုယ်​တော်​ရှင်​၏​မေတ္တာ​တော်​ကို​ထောက်​၍ ကျွန်​တော်​မျိုး​အား​ကယ်​ဆယ်​တော်​မူ​ပါ။

22. ကျွန်​တော်​မျိုး​သည်​ဆင်း​ရဲ​ချို့​တဲ့​နွမ်း​ပါး ပါ​၏။အ​သည်း​နှ​လုံး​ထဲ​တွင်​နာ​ကြည်း​လျက်​ရှိ​ပါ​၏။

23. ကျွန်​တော်​မျိုး​သည် ည​နေ​ချိန်​အ​ရိပ်​ကဲ့​သို့ ပျောက်​ကွယ်​ရန်​နီး​ပါ​ပြီ။ပိုး​ကောင်​ကဲ့​သို့​လေ​တိုက်​၍​လွင့်​သွား​ပါ​၏။

24. အ​စား​အ​စာ​ချို့​တဲ့​မှု​ကြောင့်​ကျွန်​တော်​မျိုး​၏ ဒူး​တို့​သည်​ချည့်​နဲ့​လျက်​ရှိ​ပါ​၏။ကျွန်​တော်​မျိုး​၏​ကိုယ်​ခန္ဓာ​သည် အ​ရိုး​နှင့်​အ​ရေ​သာ​ရှိ​ပါ​၏။

25. လူ​တို့​သည်​ကျွန်​တော်​မျိုး​ကို​မြင်​သော​အ​ခါ ပြက်​ရယ်​ပြု​ကြ​ပါ​၏။ ဦး​ခေါင်း​ကို​ခါ​ကြ ပါ​၏။

26. ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို ထောက်​၍​ကျွန်​တော်​မျိုး​အား​ကယ်​တော် မူ​ပါ။

27. ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​သော​သူ​သည်ကိုယ်​တော်​ရှင်​ပင်​ဖြစ်​တော်​မူ​ကြောင်း​ကို ရန်​သူ​တို့​အား​သိ​စေ​တော်​မူ​ပါ။

28. သူ​တို့​သည်​ကျွန်​တော်​မျိုး​အားကျိန်​ဆဲ​ကြ​သော်​လည်း​ကိုယ်​တော်​ရှင် မူ​ကား ကောင်း​ချီး​ပေး​တော်​မူ​ပါ​မည်။ကျွန်​တော်​မျိုး​အား​နှိပ်​စက်​ညှဉ်း​ဆဲ​သော သူ​တို့​သည် အ​ရေး​ရှုံး​နိမ့်​ကြ​ပါ​စေ​သော။ကိုယ်​တော်​ရှင်​၏ အ​စေ​ခံ​ကျွန်​တော်​မျိုး​မူ​ကား ဝမ်း​မြောက်​ရ​ပါ​စေ​သော။

29. ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​သည်​ဂုဏ်​အ​သ​ရေ ပျက်​ရ​ကြ​ပါ​စေ​သော။သူ​တို့​သည်​အ​ရှက်​နှင့်​မိ​မိ​တို့​ကိုယ်​ကို ဝတ်​လုံ​သ​ဖွယ်​ဖုံး​လွှမ်း​ရ​ကြ​ပါ​စေ​သော။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 109