ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 109:10-28 Common Language Bible (BCL)

10. သူ​၏​သား​သ​မီး​တို့​သည်​အိမ်​ရာ​မဲ့​သူ​တောင်း စား​များ ဖြစ်​ကြ​၍မိ​မိ​တို့​နေ​ထိုင်​ရာ​အိမ်​ပျက်​များ​မှ​နှင်​ထုတ် ခြင်း​ကို ခံ​ရ​ကြ​ပါ​စေ​သော။

11. ကြွေး​ရှင်​တို့​သည်​သူ​၏​ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို သိမ်း​ယူ​ကြ​လျက်​သူ​စိမ်း​တစ်​ရံ​ဆံ​တို့​သည်သူ​လုပ်​ကိုင်​၍​ရ​သ​မျှ​သော​အ​ကျိုး​ခံ​စား ရ​ကြ​ပါ​စေ​သော။

12. အ​ဘယ်​အ​ခါ​၌​မျှ​သူ့​အား​သ​နား​ကြင်​နာ မည့်​သူ၊သူ​၏​ဘ​သက်​ဆိုး​များ​ကို​ကြည့်​ရှု​စောင့်​ရှောက် မည့်​သူ မ​ရှိ​ပါ​စေ​နှင့်။

13. သူ​၏​အ​မျိုး​တိမ်​ကော​ပါ​စေ​သော။သူ​၏​နာ​မည်​သည်​နောက်​မျိုး​ဆက်​၌​ပင်​လျှင် ပျောက်​ကွယ်​သွား​ပါ​စေ​သော။

14. သူ​၏​ဘိုး​ဘေး​တို့​ပြု​ခဲ့​သည့်​မ​ကောင်း​မှု များ​ကို ထာ​ဝ​ရ​ဘု​ရား​သည်​သ​တိ​ရ​တော်​မူ​ပါ​စေ​သော။သူ​၏​မိ​ခင်​ကူး​လွန်​ခဲ့​သည့်​အ​ပြစ်​များ​ကို​လည်း ဖြေ​လွှတ်​တော်​မ​မူ​ပါ​နှင့်။

15. ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​အ​ပြစ်​တို့​ကို သ​တိ​ရ​တော်​မူ​ပါ​စေ​သော။သို့​ရာ​တွင်​သူ​တို့​၏​နာ​မည်​သည်​လော​က​မှ လုံး​ဝ​ပျောက်​ကွယ်​သွား​ပါ​စေ​သော။

16. ထို​သူ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​သ​နား ကြင်​နာ​ရန် စိတ်​မ​ကူး​ခဲ့။ဆင်း​ရဲ​သူ၊ချို့​တဲ့​နွမ်း​ပါး​သူ​နှင့်​ခို​ကိုး​ရာ​မဲ့ သူ​တို့​အား​ညှဉ်း​ဆဲ​နှိပ်​စက်​သတ်​ဖြတ်​ခဲ့​၏။

17. သူ​သည်​ကျိန်​ဆဲ​ရန်​နှစ်​သက်​သည်​ဖြစ်​၍ သူ​ကိုယ်​တိုင်​ကျိန်​ဆဲ​ခြင်း​ကို​ခံ​ရ​ပါ​စေ သော။သူ​သည်​သူ​တစ်​ပါး​အား​ကောင်း​ချီး​မင်္ဂလာ​ပေး​ရန် အ​လို​မ​ရှိ​သည်​ဖြစ်​၍မည်​သူ​က​မျှ​သူ့​အား​ကောင်း​ချီး​မင်္ဂ​လာ မ​ပေး​ပါ​စေ​နှင့်။

18. ကျိန်​ဆဲ​မှု​သည်​သူ​၏​အ​တွက်​ခါး​ဝတ် ပု​ဆိုး​သ​ဖွယ်​ဖြစ်​၏။သူ​၏​ကျိန်​ဆဲ​ချက်​များ​သည်​ရေ​ကဲ့​သို့သူ​၏​ကိုယ်​ခန္ဓာ​ထဲ​သို့​လည်း​ကောင်း၊ဆီ​ကဲ့​သို့ သူ​၏ အ​ရိုး​များ​ထဲ​သို့​လည်း​ကောင်း​စိမ့်​ဝင်​ပါ စေ​သော။

19. ယင်း​ကျိန်​ဆဲ​ချက်​တို့​သည်​အ​ထည်​အ​ဝတ်​ကဲ့​သို့သူ့​ကို​ဖုံး​လွှမ်း​၍​ခါး​ပတ်​သ​ဖွယ်​သူ့​ကို​အ​စဉ် အ​မြဲ ပတ်​၍​ထား​ပါ​စေ​သော။

20. အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​အ​ကြောင်း​ဆိုး​ရွား​သည့်သ​တင်း​ကို​လွှင့်​သူ​ကျွန်​တော်​မျိုး​၏​ရန်​သူ​တို့ အား ဤ​နည်း​အ​တိုင်း​အ​ပြစ်​ပေး​တော်​မူ​ပါ။

21. သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်၊ကိုယ်​တော်​ရှင်​က​တိ​တော်​ရှိ​သည်​အ​တိုင်း ကျွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။ကိုယ်​တော်​ရှင်​၏​မေတ္တာ​တော်​ကို​ထောက်​၍ ကျွန်​တော်​မျိုး​အား​ကယ်​ဆယ်​တော်​မူ​ပါ။

22. ကျွန်​တော်​မျိုး​သည်​ဆင်း​ရဲ​ချို့​တဲ့​နွမ်း​ပါး ပါ​၏။အ​သည်း​နှ​လုံး​ထဲ​တွင်​နာ​ကြည်း​လျက်​ရှိ​ပါ​၏။

23. ကျွန်​တော်​မျိုး​သည် ည​နေ​ချိန်​အ​ရိပ်​ကဲ့​သို့ ပျောက်​ကွယ်​ရန်​နီး​ပါ​ပြီ။ပိုး​ကောင်​ကဲ့​သို့​လေ​တိုက်​၍​လွင့်​သွား​ပါ​၏။

24. အ​စား​အ​စာ​ချို့​တဲ့​မှု​ကြောင့်​ကျွန်​တော်​မျိုး​၏ ဒူး​တို့​သည်​ချည့်​နဲ့​လျက်​ရှိ​ပါ​၏။ကျွန်​တော်​မျိုး​၏​ကိုယ်​ခန္ဓာ​သည် အ​ရိုး​နှင့်​အ​ရေ​သာ​ရှိ​ပါ​၏။

25. လူ​တို့​သည်​ကျွန်​တော်​မျိုး​ကို​မြင်​သော​အ​ခါ ပြက်​ရယ်​ပြု​ကြ​ပါ​၏။ ဦး​ခေါင်း​ကို​ခါ​ကြ ပါ​၏။

26. ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို ထောက်​၍​ကျွန်​တော်​မျိုး​အား​ကယ်​တော် မူ​ပါ။

27. ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​သော​သူ​သည်ကိုယ်​တော်​ရှင်​ပင်​ဖြစ်​တော်​မူ​ကြောင်း​ကို ရန်​သူ​တို့​အား​သိ​စေ​တော်​မူ​ပါ။

28. သူ​တို့​သည်​ကျွန်​တော်​မျိုး​အားကျိန်​ဆဲ​ကြ​သော်​လည်း​ကိုယ်​တော်​ရှင် မူ​ကား ကောင်း​ချီး​ပေး​တော်​မူ​ပါ​မည်။ကျွန်​တော်​မျိုး​အား​နှိပ်​စက်​ညှဉ်း​ဆဲ​သော သူ​တို့​သည် အ​ရေး​ရှုံး​နိမ့်​ကြ​ပါ​စေ​သော။ကိုယ်​တော်​ရှင်​၏ အ​စေ​ခံ​ကျွန်​တော်​မျိုး​မူ​ကား ဝမ်း​မြောက်​ရ​ပါ​စေ​သော။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဆာ​လံ 109