အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40
  41. 41
  42. 42
  43. 43
  44. 44
  45. 45
  46. 46
  47. 47
  48. 48
  49. 49
  50. 50
  51. 51
  52. 52
  53. 53
  54. 54
  55. 55
  56. 56
  57. 57
  58. 58
  59. 59
  60. 60
  61. 61
  62. 62
  63. 63
  64. 64
  65. 65
  66. 66
  67. 67
  68. 68
  69. 69
  70. 70
  71. 71
  72. 72
  73. 73
  74. 74
  75. 75
  76. 76
  77. 77
  78. 78
  79. 79
  80. 80
  81. 81
  82. 82
  83. 83
  84. 84
  85. 85
  86. 86
  87. 87
  88. 88
  89. 89
  90. 90
  91. 91
  92. 92
  93. 93
  94. 94
  95. 95
  96. 96
  97. 97
  98. 98
  99. 99
  100. 100
  101. 101
  102. 102
  103. 103
  104. 104
  105. 105
  106. 106
  107. 107
  108. 108
  109. 109
  110. 110
  111. 111
  112. 112
  113. 113
  114. 114
  115. 115
  116. 116
  117. 117
  118. 118
  119. 119
  120. 120
  121. 121
  122. 122
  123. 123
  124. 124
  125. 125
  126. 126
  127. 127
  128. 128
  129. 129
  130. 130
  131. 131
  132. 132
  133. 133
  134. 134
  135. 135
  136. 136
  137. 137
  138. 138
  139. 139
  140. 140
  141. 141
  142. 142
  143. 143
  144. 144
  145. 145
  146. 146
  147. 147
  148. 148
  149. 149
  150. 150

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဆာ​လံ 109 Common Language Bible (BCL)

ဒုက္ခ​ရောက်​သူ​တစ်​ဦး​၏​ဆု​တောင်း​ပတ္ထနာဒါ​ဝိဒ်​စပ်​ဆို​သော​ဆာ​လံ။

1. အို ဘု​ရား​သ​ခင်၊ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​၏။ ဆိတ်​ဆိတ်​နေ​တော် မ​မူ​ပါ​နှင့်။

2. သူ​ယုတ်​မာ​များ​နှင့်​လူ​လိမ်​များ​သည်​ကျွန်​တော် မျိုး​ကို တိုက်​ခိုက်​ကြ​ပါ​၏။သူ​တို့​သည်​ကျွန်​တော်​မျိုး​၏​အ​ကြောင်း မု​သား​စ​ကား​ပြော​ကြ​ပါ​၏။

3. သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​အ​ကြောင်း​မဲ့တိုက်​ခိုက်​၍​ကျွန်​တော်​မျိုး​၏​အ​ကြောင်း ဆိုး​ရွား​သော​သ​တင်း​များ​ကို​လွှင့်​ကြ​ပါ​၏။

4. ကျွန်​တော်​မျိုး​သည်​သူ​တို့​အား​မေတ္တာ​ပြ​လျက် သူ​တို့​အ​တွက်​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော်​လည်းသူ​တို့​သည်​ကျွန်​တော်​မျိုး​အား​ရန်​ဘက်​ပြု ကြ​ပါ​၏။

5. သူ​တို့​သည်​ကျွန်​တော်​မျိုး​ပြု​သည့်​ကျေး​ဇူး​ကို ဆိုး​ညစ်​မှု​ဖြင့်​လည်း​ကောင်း၊ကျွန်​တော်​မျိုး​၏မေတ္တာ​ကို​မုန်း​တီး​ခြင်း​ဖြင့်​လည်း​ကောင်း ပြန်​လည်​ပေး​ဆပ်​ကြ​ပါ​၏။

6. ကျွန်​တော်​မျိုး​၏​ရန်​သူ​အား​တ​ရား​စီ​ရင်​ရန်အ​ဂ​တိ​လိုက်​စား​သော​တ​ရား​သူ​ကြီး​ကို ခန့်​ထား​ရွေး​ချယ်​ပေး​တော်​မူ​ပါ။သူ​၏​ရန်​သူ​တစ်​ယောက်​က​ပင်​လျှင်​သူ့​အား ပြစ်​တင်​စွပ်​စွဲ​စေ​တော်​မူ​ပါ။

7. သူ့​အား​စစ်​ဆေး​၍​ပြစ်​မှု​ထင်​ရှား​ပါ​စေ​သော။သူ​၏​ဆု​တောင်း​ပတ္ထ​နာ​သည်​ပင်​လျှင် ပြစ်​မှု​ကူး​ရာ​ရောက်​ပါ​စေ​သော။

8. သူ​၏​အ​သက်​သည်​မ​ကြာ​မီ​ကုန်​ဆုံး​လျက် သူ​၏​ရာ​ထူး​ကို​အ​ခြား​သူ​တစ်​ဦး​ရ​ရှိ ပါ​စေ​သော။

9. သူ​၏​သား​သ​မီး​များ​သည်​မိ​ဘ​မဲ့​များ​ဖြစ် ကြ​လျက် သူ​၏​ဇ​နီး​သည်​မု​ဆိုး​မ​ဖြစ်​ပါ​စေ​သော။

10. သူ​၏​သား​သ​မီး​တို့​သည်​အိမ်​ရာ​မဲ့​သူ​တောင်း စား​များ ဖြစ်​ကြ​၍မိ​မိ​တို့​နေ​ထိုင်​ရာ​အိမ်​ပျက်​များ​မှ​နှင်​ထုတ် ခြင်း​ကို ခံ​ရ​ကြ​ပါ​စေ​သော။

11. ကြွေး​ရှင်​တို့​သည်​သူ​၏​ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို သိမ်း​ယူ​ကြ​လျက်​သူ​စိမ်း​တစ်​ရံ​ဆံ​တို့​သည်သူ​လုပ်​ကိုင်​၍​ရ​သ​မျှ​သော​အ​ကျိုး​ခံ​စား ရ​ကြ​ပါ​စေ​သော။

12. အ​ဘယ်​အ​ခါ​၌​မျှ​သူ့​အား​သ​နား​ကြင်​နာ မည့်​သူ၊သူ​၏​ဘ​သက်​ဆိုး​များ​ကို​ကြည့်​ရှု​စောင့်​ရှောက် မည့်​သူ မ​ရှိ​ပါ​စေ​နှင့်။

13. သူ​၏​အ​မျိုး​တိမ်​ကော​ပါ​စေ​သော။သူ​၏​နာ​မည်​သည်​နောက်​မျိုး​ဆက်​၌​ပင်​လျှင် ပျောက်​ကွယ်​သွား​ပါ​စေ​သော။

14. သူ​၏​ဘိုး​ဘေး​တို့​ပြု​ခဲ့​သည့်​မ​ကောင်း​မှု များ​ကို ထာ​ဝ​ရ​ဘု​ရား​သည်​သ​တိ​ရ​တော်​မူ​ပါ​စေ​သော။သူ​၏​မိ​ခင်​ကူး​လွန်​ခဲ့​သည့်​အ​ပြစ်​များ​ကို​လည်း ဖြေ​လွှတ်​တော်​မ​မူ​ပါ​နှင့်။

15. ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​အ​ပြစ်​တို့​ကို သ​တိ​ရ​တော်​မူ​ပါ​စေ​သော။သို့​ရာ​တွင်​သူ​တို့​၏​နာ​မည်​သည်​လော​က​မှ လုံး​ဝ​ပျောက်​ကွယ်​သွား​ပါ​စေ​သော။

16. ထို​သူ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​သ​နား ကြင်​နာ​ရန် စိတ်​မ​ကူး​ခဲ့။ဆင်း​ရဲ​သူ၊ချို့​တဲ့​နွမ်း​ပါး​သူ​နှင့်​ခို​ကိုး​ရာ​မဲ့ သူ​တို့​အား​ညှဉ်း​ဆဲ​နှိပ်​စက်​သတ်​ဖြတ်​ခဲ့​၏။

17. သူ​သည်​ကျိန်​ဆဲ​ရန်​နှစ်​သက်​သည်​ဖြစ်​၍ သူ​ကိုယ်​တိုင်​ကျိန်​ဆဲ​ခြင်း​ကို​ခံ​ရ​ပါ​စေ သော။သူ​သည်​သူ​တစ်​ပါး​အား​ကောင်း​ချီး​မင်္ဂလာ​ပေး​ရန် အ​လို​မ​ရှိ​သည်​ဖြစ်​၍မည်​သူ​က​မျှ​သူ့​အား​ကောင်း​ချီး​မင်္ဂ​လာ မ​ပေး​ပါ​စေ​နှင့်။

18. ကျိန်​ဆဲ​မှု​သည်​သူ​၏​အ​တွက်​ခါး​ဝတ် ပု​ဆိုး​သ​ဖွယ်​ဖြစ်​၏။သူ​၏​ကျိန်​ဆဲ​ချက်​များ​သည်​ရေ​ကဲ့​သို့သူ​၏​ကိုယ်​ခန္ဓာ​ထဲ​သို့​လည်း​ကောင်း၊ဆီ​ကဲ့​သို့ သူ​၏ အ​ရိုး​များ​ထဲ​သို့​လည်း​ကောင်း​စိမ့်​ဝင်​ပါ စေ​သော။

19. ယင်း​ကျိန်​ဆဲ​ချက်​တို့​သည်​အ​ထည်​အ​ဝတ်​ကဲ့​သို့သူ့​ကို​ဖုံး​လွှမ်း​၍​ခါး​ပတ်​သ​ဖွယ်​သူ့​ကို​အ​စဉ် အ​မြဲ ပတ်​၍​ထား​ပါ​စေ​သော။

20. အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​အ​ကြောင်း​ဆိုး​ရွား​သည့်သ​တင်း​ကို​လွှင့်​သူ​ကျွန်​တော်​မျိုး​၏​ရန်​သူ​တို့ အား ဤ​နည်း​အ​တိုင်း​အ​ပြစ်​ပေး​တော်​မူ​ပါ။

21. သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်၊ကိုယ်​တော်​ရှင်​က​တိ​တော်​ရှိ​သည်​အ​တိုင်း ကျွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။ကိုယ်​တော်​ရှင်​၏​မေတ္တာ​တော်​ကို​ထောက်​၍ ကျွန်​တော်​မျိုး​အား​ကယ်​ဆယ်​တော်​မူ​ပါ။

22. ကျွန်​တော်​မျိုး​သည်​ဆင်း​ရဲ​ချို့​တဲ့​နွမ်း​ပါး ပါ​၏။အ​သည်း​နှ​လုံး​ထဲ​တွင်​နာ​ကြည်း​လျက်​ရှိ​ပါ​၏။

23. ကျွန်​တော်​မျိုး​သည် ည​နေ​ချိန်​အ​ရိပ်​ကဲ့​သို့ ပျောက်​ကွယ်​ရန်​နီး​ပါ​ပြီ။ပိုး​ကောင်​ကဲ့​သို့​လေ​တိုက်​၍​လွင့်​သွား​ပါ​၏။

24. အ​စား​အ​စာ​ချို့​တဲ့​မှု​ကြောင့်​ကျွန်​တော်​မျိုး​၏ ဒူး​တို့​သည်​ချည့်​နဲ့​လျက်​ရှိ​ပါ​၏။ကျွန်​တော်​မျိုး​၏​ကိုယ်​ခန္ဓာ​သည် အ​ရိုး​နှင့်​အ​ရေ​သာ​ရှိ​ပါ​၏။

25. လူ​တို့​သည်​ကျွန်​တော်​မျိုး​ကို​မြင်​သော​အ​ခါ ပြက်​ရယ်​ပြု​ကြ​ပါ​၏။ ဦး​ခေါင်း​ကို​ခါ​ကြ ပါ​၏။

26. ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​ကူ​မ​တော်​မူ​ပါ။ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို ထောက်​၍​ကျွန်​တော်​မျိုး​အား​ကယ်​တော် မူ​ပါ။

27. ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​သော​သူ​သည်ကိုယ်​တော်​ရှင်​ပင်​ဖြစ်​တော်​မူ​ကြောင်း​ကို ရန်​သူ​တို့​အား​သိ​စေ​တော်​မူ​ပါ။

28. သူ​တို့​သည်​ကျွန်​တော်​မျိုး​အားကျိန်​ဆဲ​ကြ​သော်​လည်း​ကိုယ်​တော်​ရှင် မူ​ကား ကောင်း​ချီး​ပေး​တော်​မူ​ပါ​မည်။ကျွန်​တော်​မျိုး​အား​နှိပ်​စက်​ညှဉ်း​ဆဲ​သော သူ​တို့​သည် အ​ရေး​ရှုံး​နိမ့်​ကြ​ပါ​စေ​သော။ကိုယ်​တော်​ရှင်​၏ အ​စေ​ခံ​ကျွန်​တော်​မျိုး​မူ​ကား ဝမ်း​မြောက်​ရ​ပါ​စေ​သော။

29. ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​သည်​ဂုဏ်​အ​သ​ရေ ပျက်​ရ​ကြ​ပါ​စေ​သော။သူ​တို့​သည်​အ​ရှက်​နှင့်​မိ​မိ​တို့​ကိုယ်​ကို ဝတ်​လုံ​သ​ဖွယ်​ဖုံး​လွှမ်း​ရ​ကြ​ပါ​စေ​သော။

30. ငါ​သည်​အ​သံ​ကျယ်​စွာ​ထာ​ဝ​ရ​ဘု​ရား​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​မည်။ပ​ရိ​သတ်​တို့​အ​လယ်​တွင်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ပါ​မည်။

31. အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ဆင်း​ရဲ​သူ​ကို​ကာ​ကွယ်​၍သူ့​အား​သေ​ဒဏ်​စီ​ရင်​ကြ​သော​သူ​တို့ ၏​လက်​မှ ကယ်​တော်​မူ​သော​ကြောင့်​ဖြစ်​၏။